Part 25

5.3K 227 35
                                    


ရင်ထဲကပန်း

အပိုင်း(၂၅)

#ရင်ထဲကပန်း

10131133

"ပိုးပိုး...ဘယ်မှာလဲ..."

"ဒီမှာ...."

လပြည့် အခန်းထဲကို ဝင်ကြည့်ချိန် မတွေ့တော့ လှမ်းခေါ်လိုက်တာ ရေချိုးခန်းထဲက အသံထွက်လာသည်။

"ဟ...ကလေးကို တစ်ယောက်တည်း ထားရလားဟာ..."

အိပ်ရာပေါ်မှာ ငြိမ်နေတဲ့ သမီး အနားကို သွားကြည့်ရင်း ပြောတော့ ဘာသံမှ ထွက်မလာ..။

အဖော် တစ်ယောက်လောက် ထားပါမယ်ဆို မရဘူး..။

သူ့သမီးကိုလည်း ဘယ်သူနဲ့မှ စိတ်မချဘူးချည်းပဲ..။

ကလေးကို နေ့ကော ညကော ကြည့်နေရတာ ကိုယ်ဝန်နဲ့တုန်းက ဝခဲ့သမျှ ခုတော့တော်တော် ပိန်သွားပြီ..။

သူကလည်း ပိန်ချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့လေ..။

သမီး လက်အိတ်လေး က လပြည့် ဝယ်ခဲ့တာ ကြီးနေတော့ ခဏခဏ ထွက်သွားသည်။

လပြည့် လက်အိတ်လေးကို ယူကာ လက်ပိစိလေးကို ကိုင်၍ ဖြည်းဖြည်းလေး ဝတ်ပေးလိုက်ရသည်။

"..........."

ရေချိုးခန်းထဲက မှန်ကိုင်ပြီး ထွက်လာတော့ လပြည့် အံသြရသည်။

"မှန်ကြီးနဲ့ ဘာလုပ်နေတာလဲ..တစ်လတောင် မပြည့်သေးဘူး....အလှပြင်ဖို့ အရေးကြီးပြန်ပြီလား.."

"အနာ ကြည့်တာ.."

"ဟင်...ဘာဖြစ်လို့လဲ...တစ်ခုခု ဖြစ်လို့လား.."

"မဖြစ်ပါဘူး...."

လပြည့် စိတ်ပူပြီး မေးမိတာကို လှောင်သလို ပြုံးစေ့စေ့ လုပ်ပြီး မှန်ကို စားပွဲပေါ် တင်လိုက်သည်။

"မဟုတ်ပါဘူး...တစ်ခုခု ဖြစ်တာမလား..ဆေးခန်းသွားမလား..."

"ဟင့်အင်း..."

"........."

လပြည့် ကြည့်နေတော့ မျက်နှာလွဲသွားပြီး သမီး အနှီးတွေကို ကောက်သိမ်းရင်း

"တစ်လကြာနေပြီ...သွေးမရပ်လို့..."(ရာသီ စပိုက်ကာလင်းပါ😁)

လပြည့်လည်း သေချာ မသိပေမဲ့ သူနာပြုဆရာမဆီကိုပဲ ဖုန်းဆက်ဖို့ အကြံရသည်။

ရင်ထဲကပန်းWhere stories live. Discover now