ရင်ထဲကပန်း
အပိုင်း(၄၁)
#ရင်ထဲကပန်း
11150216
"ဟလို...မပိုးလားရှင့်..."
"ဟုတ်ပါတယ်..ညီမလေး.."
"ဟုတ်....ပစ္စည်းတွေ ရောက်ပြီဆိုတဲ့ အကြောင်း လှမ်းပြောတာပါ အစ်မ.."
"သြော်...ဟုတ်ကဲ့...ခုပဲ လာထုတ်ပါမယ်နော်...ညီမလေး...ကျေးဇူးပါနော်.."
"ဟုတ်..."
ပိုး လက်ထဲက ဖုန်းကို ချပြီး နှုတ်ခမ်းကိုက်ရင်း လပြည့် ကို စိတ်တိုမိသည်။
လပြည့်တစ်ယောက်ကတော့လေ..။
ဘယ်တော့ဖြစ်ဖြစ် မနှိုးဘူး..။
ခုလည်း သမီးကို ခေါ်ပြီး သူက ဆိုင်သွားပြီ..။
ပိုး က အိပ်ရာနိုးချိန် နောက်ကျတော့ အလှပြင်တာတွေလည်း နောက်ကျ အကုန်လုံး ပြီးရင် ဆယ်နာရီကျော်နေပြီ..။
မိတ်ကပ် မြန်မြန်လိမ်းနေရင်း ပိုးရဲ့ ပျောက်သွားတဲ့ နှုတ်ခမ်းနီ ကို သတိရပြန်သည်။
ဟင်း..ဈေးကြီးတာမှ ဘယ်လို ဖြစ်ပြီးပျောက်သွားလဲ မသိပါဘူး..။
သမီး ယူဆော့ပြီး တစ်နေရာ ရောက်နေတာပဲနေမယ်..။
ပိုး သိပ်မသုံးဖြစ်တဲ့ တခြားနှုတ်ခမ်းနီပဲ ဆိုးလိုက်ရတာ နှုတ်ခမ်းက ခြောက်သလို ကပ်သလို ဖြစ်နေသေးသည်။
မတက်နိုင်ဘူး..။
ဈေးကြီးတဲ့ ဘရန်းတွေ သိပ်မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားပြီးပြီ..။
ရေမွှေး လေးချက် ဖြန်းလိုက်ပြီးတော့မှ မှန်ထဲမှာ တစ်ချက် ကြည့်ကာ ပိုက်ဆံအိတ်ကို ယူလိုက်သည်။
ဆိုင်ကို သွားပြီး ဝန်ထမ်းတစ်ယောက်ကို လွတ်လိုက်ရင် ဆီလည်းကုန် အချိန်လည်း ပိုကုန်မည်.။
ပိုး ကိုယ်တိုင်ပဲ ပစ္စည်းသွားယူဖို့ ဆုံးဖြတ်လိုက်ရတော့သည်။
"သြော်...အစ်မ ကိုယ်တိုင်ပဲ.."
"ဟုတ်တယ်...ညီမလေး..."
ဝန်ထမ်း ကောင်လေးက ပစ္စည်းဘုံး နှစ်ခုကို ကားပေါ် တင်ပေးရင်း ပိုး ကိုပဲ လိုက်ကြည့်နေတော့ မနေတက် ဖြစ်လာသည်။
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...