Part 9

3.3K 189 22
                                    


ရင်ထဲကပန်း

အပိုင်း(၉)

#ရင်ထဲကပန်း

09300154

"သမီး...စာလိုက်နိုင်လား.."

"လိုက်နိုင်ပါတယ်..ကျူရှင်လည်း တက်တယ်လေ.."

"အင်း...ကြိုးစားနော်...ဘွားဘွားကိုလည်း ဂရုစိုက်နော်.."

"အင်း...ဒါပဲနော်..မာမား.."

ပိုး လက်ထဲက ဖုန်းကို ချလိုက်ပြီး ပခုံးတွန့်လိုက်သည်။

မာမားကလည်း အပိုတွေ လာမေးနေတာပဲ..။

ဘယ်တုန်းကများ ဂရုစိုက်လို့လဲ..။

ပိုး ကိုးတန်းတက်နေတာပဲ နှစ်ဝက်လောက် ရောက်နေပြီ.။

သောကြာနေ့ ညနေကျောင်းဆင်းရင် ရေချိုးပြီး လက်သည်းနီ အမြဲဆိုးနေကျ..။

ခုတော့ နောက်ကျတော့မည်..။

ပိုး စားပွဲပေါ်က လက်သည်းနီ အဖြူ ပုလင်းနဲ့ ပန်းရောင် ပုလင်းကို ယူလိုက်သည်။

"ဘွားဘွားရေ...ပိုး ဘာလုပ်ပေးရမလဲဟင်.."

"မလိုပါဘူး မြေးရယ်..တေ်ာကြာ တစ်ခုခု ထိခိုက်သွားရင်လည်း မြေးက ငိုဦးမယ်..သွား...စာပဲကျက်.."

ဘွားဘွားနဲ့ ဒေါ်ကြီး တစ်ယောက်က မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေရင်း ပြန်ပြောတော့ ခေါင်းညိတ်ပြီး ထွက်လာခဲ့လိုက်သည်။

ပြတင်းပေါက် အောက် တံခါး ဖွင့်ပြီး ကြမ်းပြင်မှာ ထိုင်ချလိုက်ကာ လက်ချောင်းလေးတွေကို ထောင်ပြီး အဖြူရောင်လက်သည်းနီကို တစ်ချောင်းချင်း လိုက်ဆိုုးသည်။

အဖြူပေါ်မှာ ပန်းရောင်ထပ်ဆွဲတော့ အရောင်လင်းလင်းဖျော့ဖျော့လေး ဖြစ်သွားသည်။

"ဟူး.."

ပိုး လက်သည်းကို လေနဲ့ မှုတ်နေရင်း ခြံရှေ့ကို အကြည့်ရောက်သွားတော့ ဆိုင်ကယ်နဲ့ အကောင် တစ်ကောင်က ပိုး ကို လှမ်းကြည့်နေသည်။

ပိုး မသိချင်ယောင်ဆောင်နေလိုက်ပြီး လက်သည်းကိုပဲ နှုတ်ခမ်းလေး စုချွန်ကာ လေနဲ့ မှုတ်နေလိုက်သည်။

ရင်ထဲကပန်းWhere stories live. Discover now