ရင်ထဲကပန်း
အပိုင်း(၃)
#ရင်ထဲကပန်း
01251238
"ဟေ့...လပြည့်.."
"အင်..."
"ထတော့လေ...နောက်ကျနေပြီ..."
"အွင်း..."
လပြည့် မျက်လုံးပွတ်ပြီး ထထိုင်လိုက်တော့ အပြာ နဲ့ အပုက စောင်တွေ ခေါက်ပြီး သေချာ သိမ်းနေပြီ..။
ပစ္စည်းဘုံးတွေ စီထည့်ထားတဲ့ အခန်းမှောင်မှောင်ထဲမှာ လပြည့်တို့သုံးယောက် တူတူ အိပ်ရသည်။
ညတုန်းက အိမ်ကို သတိရလို့ ငိုနေရင်း အိပ်ပျော်သွားခဲ့တာ ခုကျ ခေါင်းတွေလည်း ကိုက်နေသည်။
လပြည့် ထပြီး ခေါင်းကို ကုတ်ရင်း သူတို့ လုပ်သမျှ လိုက်ကြည့်နေမိသည်။
အိပ်ရာထဲက စောင်ကို ခေါက်ပြီး သူတို့လိုပဲ သစ်သားဘုံးထဲ ထည့်လိုက်ကာ သူတို့နောက်ကို လိုက်သွားရသည်။
"မျက်နှာ မြန်မြန်သစ်ပြီးရင်..နင် အပုနဲ့ ဆိုင်စီလိုက်.."
"အွင်း.."
"ဒုတ်.."
"ဟဲ့...အသံမကြားအောင် လုပ်နော်...ဆူလိမ့်မယ်.."
"အင်း.."
မျက်နှာကို ကပျာကယာ သစ်ပြီး ချိတ်ထားတဲ့ ပုဆိုးနဲ့ အပုလိုပဲ မျက်နှာ သုတ်ရသည်။
အိမ်ရှေ့ဘက်ကို ထွက်လာတော့ မှောင်မဲနေပြီး ဘာမှ သေချာ မမြင်ရသေး..။
လပြည့် အိမ်မှာဆို ခြောက်နာရီမှ အိပ်ရာထ ပေမဲ့ ခုတော့ မိုးတောင် မလင်းသေးဘူး.။
စက္ကူဘုံးတွေကို တိုက်မိပြီးတော့ ခြေထောက်နဲ့ စမ်းပြီး ရှောင်နေရသည်။
"ဆိုင်တံခါး မဖွင့်နဲ့ဦး...ပစ္စည်းတွေကို သံချိတ်မှာ အရင် ချိတ်..."
"ဒါကောလား.."
"အေး...ယူလာ.."
လပြည့်ထက် ငယ်တဲ့ အပုကို ပဲ ဘာပဲဖြစ်ဖြစ် မေးနေရပြီး သူပြောတာကိုပဲ လိုက်လုပ်ပေးနေရသည်။
"အိတ်တွေကို စီထားဦး.."
"........."
"မင်း ညတုန်းက ငိုတယ်မလား.."
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...