Part 6

4K 186 25
                                    


ရင်ထဲကပန်း

အပိုင်း(၆)

#ရင်ထဲကပန်း

09280139

"ထွန်းနိုင်...ဟဲ့...ငါ့ကို ခဲတံ ချွန်ပေးဦး..."

"နင် က အမြဲ ငါ့ကိုပဲ ခိုင်းတယ်.. ငါ သချာၤ မပြီးသေးဘူး..ကိုယ့်ဟာကို ချွန်.."

"ကြီးကျယ်လိုက်တာ..အလကားကောင်စုတ်.."

ပိုး မျက်စောင်းထိုးပြီး ခဲတံ ချွန်တဲ့ ဓားကို ပြန်ဆွဲယူလိုက်သည်။

ခဲတံချွန်တိုင်း လက်ထိလို့ ပိုး ဖြည်းဖြည်းလေးချင်းပဲ ချွန်သည်။

"အ...အီး..ထိသွားပြီ...အီး.."

"ဟယ်...ဘာဖြစ်တာလဲ..ပိုးစန္ဒီ.."

"အင့်....အီး....လက်ထိဝါးပြီ..."

"အို..လာစမ်း..ထွက်လာ...တီချယ် ကြည့်ရအောင်..များလို့လား.."

ပိုး လက်ညိုး က သွေးထွက်လာတော့ လက်ညိုး ကို ထောင်ထားရင်း တီချယ့်ဆီကို ထသွားလိုက်သည်။

တီချယ်က ပိုး လက်ကို ကိုင်ပြီး ပြတင်းပေါက်ကနေ ရေဆေးချပေးသည်။

ရေလောင်းလို့ သွေးတိတ်သွားတော့မှ လက်ကို ယူကြည့်သည်။

"အမလေး....ပိုးစန္ဒီရယ်...ပုရွက်ဆိတ် ကိုက်သလောက်လေး..အရေပြားရှတာကို နင့်မှာ အော်နေလိုက်တာ.."

အတန်းသားတွေ အားလုံး ဝိုင်းရယ်တော့မှ ပိုး မျက်ရည်ကို လက်တစ်ဖက်နဲ့ သုတ်ပစ်လိုက်ရသည်။

'နာလို့ တီချယ်ရဲ့.."

ဓားရှပြီး နှစ်ရက်လောက် နာနေမှာ..။

အိမ်မှာ အညှော်မိပြီး အနာ က ပိုကြီးလာမှာ..။

အနာမကျက်ရင် လက်က ကိုက်နေဦးမယ်..။

အနာကျက်သွားရင် အမာရွက် က ကျန်ခဲ့ဦးမယ်..။

ပိုး လက်မှာ မသိတက်ခင်က အမာရွက် သေးသေးလေး ရှိနေတာတောင် ပိုး ကကြိုက်တာ မဟုတ်ဘူး..။

သရုပ်ဆောင် လုပ်မဲ့ သူက တစ်ကိုယ်လုံး အမာရွက် မရှိရဘူးတဲ့..။

ပိုး လည်း ကြီးလာရင် သရုပ်ဆောင် လုပ်ဦးမှာလေ..။

တီချယ်က စာဆက်သင်နေပေမဲ့ ပိုးမှာတော့ ပလတ်စတာ ကပ်ထားတဲ့ အနာကို ခဏခဏ သတိရသည်။

ရင်ထဲကပန်းWhere stories live. Discover now