Part 11

3.4K 180 22
                                    


ရင်ထဲကပန်း

အပိုင်း (၁၁)

#ရင်ထဲကပန်း

10020923

"........."

လပြည့် မျက်လုံးပွင့်လာပေမဲ့ မှန်ကနေ ဝင်လာတဲ့ အလင်းရောင်ကို တွေ့တော့ မျက်ရည်ကျလာသည်။

အိပ်ရာခင်းကို ဆုပ်ကိုင်ဖျစ်ခြေပြီး လက်နဲ့ အားကုန် ထုချပစ်လိုက်သည်။

လပြည့် အသက်မရှင်ချင်လောက်အောင် ကို ရှက်သည်။

မုန်းသည်။

နာကျည်းသည်။

ကိုကြီး လုပ်ရက်တယ်..။

လပြည့် အချိန်ကြာကြီး ငြိမ်သက်နေပြီးမှ အိပ်ရာပေါ်က ဆင်းလိုက်သည်။

အခန်းထဲက ထွက်ဖို့ကိုလည်း စိတ်ထဲမှာ နာကျင်နေသည်။

အိမ်ရှေ့ခန်းမှာ ဘယ်သူမှ မရှိတော့မှ သက်ပြင်းချပြီး ရေချိုးခန်း ဝင်လိုက်သည်။

"ဟုတ်တယ်...ငါ ထွက်ပြေးလာတုန်းက လူတစ်ယောက်နဲ့ တွေ့ပြီး ဒီလိုင်းထဲ ရောက်သွားတာပဲ.."

လပြည့် နာကျင်မှုနဲ့ အရှက်တရား ဒေါသတွေကြားမှာ ကိုကြီး ပြောပြဖူးတာ သတိရသွားသည်။

ကိုကြီးကော အဲ့အချိန်တုန်းက ဘယ်လို ခံစားနေရမလဲ.။

ဒါပေမဲ့ အမြဲအားကိုးနေရတဲ့ ကိုကြီးက ဆေးတပြားနဲ့ လဲတာ လပြည့် နှလုံးသားထဲအထိ နာကျင်ကြေမွနေသည်။

"အင့်....အီး..."

ဘယ်သူ့ကို မှ အပြစ်မတင်နိုင်တဲ့ အခြေအနေ နဲ့ဘဝမှာ ကိုယ့်ဘဝကိုသာ ကိုယ်ရန်ရှာခွင့်ရှိသည်။

ရှေ့က နံရံကို လက်သီးနဲ့ သုံးလေးချက် ဆင့်ထိုးပစ်လိုက်သည်။

လပြည့် လက်သီးဆုပ် အံကြိတ်ထားပေမဲ့ ရင်ထဲမှာ့ စို့တက်လာလို့ အသက်ရှုရခက်နေသည်။

ကိုကြီး...လပြည့် အော်ခေါ်နေတာ ကြားရဲ့သားနဲ့ ဘယ်လို ဆက်နေနိင်တာလဲ..။

ဆေးကြောင့် အသိစိတ်လွတ်နေရင်တောင် ညီ တစ်ယောက် ကြောက်လန့်တကြား ခေါ်တဲ့ အသံကြားရင် အနည်းဆုံးတော့ အာရုံရောက်သင့်တာပဲ..။

ရင်ထဲကပန်းWhere stories live. Discover now