ရင်ထဲကပန်း
အပိုင်း(၃၀)
#ရင်ထဲကပန်း
10160100
"ပိုး...ငါ လိုက်လို့ အဆင်ပြေပါ့မလား.."
"နင်က ဘာဖြစ်နေလို့လဲ.."
'မသိဘူးလေ...အဲလို ပွဲတွေ တစ်ခါမှ မသွားဖူးဘူး..ဟိုရောက်ရင် ဘာပြောရမှာလဲ.."
"ဘာမှ မပြောနဲ့...ငါ့ဘေးမှာ ထိုင်ပြီး ကလေးချီထား.."
"ကလေးထိန်းဖို့ လိုက်ရမှာပေါ့.."
"ဒါပေါ့.."
လပြည့် နှာခေါင်း ရှုံ့မိပေမဲ့ သူကတော့ သမီးကို အဝတ်အစားလဲပေးပြီး ပန်းပွင့်ပါတဲ့ ခေါင်းပတ်လေး ပတ်ပေးနေသည်။
သမီးက သူနဲ့ တူလို့ အဲလောက် ချစ်စရာကောင်းတာ..။
လပြည့် ပြုံးရင်း မှန်ရှေ့ ရောက်သွားကာ ခေါင်းဖြီးလိုက်သည်။
အင်တာနက်မှာ နာမည်ကြီးသူတွေကို ဖိတ်ပြီး ပစ္စည်း သစ်မိတ်ဆက်ပွဲ လုပ်တာဆိုတော့ ပိုးနဲ့သွန်းက ထိပ်ဆုံးက ပါသည်။
လပြည့်ကတော့ သူတို့မျက်နှာနဲ့ သွားရမှာလေ..။
"အကျီ ၤက မဆိုးဘူး..ဝယ်လိုက်တာ မှန်သွားတယ် သိလား..လပြည့်.."
သရုပ်ဆောင်တွေလည်း ရှိနေတဲ့ ပွဲကို အကျီ ၤ အသစ်မဝယ်ဘူး လုပ်နေလို့ လပြည့် အတင်းခေါ်သွားပြီး ဝယ်ပေးခဲ့ရသည်။
ခုတော့ ဂါဝန်ရှည်ကို လှည့်ပြီး သဘောကျနေပြန်သည်။
ဖိနပ် အသစ်ကို ထုတ်စီးတော့ လပြည့် ငေးကြည့်နေမိသည်။
သူ အရင်တုန်းက ဝယ်တဲ့ အကျီ ၤတွေ ဖိနပ်တွေလောက်တော့ တံဆိပ် အကောင်းစား မဟုတ်တော့ဘူးလေ..။
ဒါကိုပဲ သဘောကျပြီး ပျော်ပြနေတာ လပြည့် စိတ်မကောင်းဖြစ်၍ အားနာမိသည်။
"ဘာလဲ...ဘာဖြစ်နေတာလဲ.."
'ဟင့်အင်း..လှလို့ပါ.."
လပြည့် လိမ်လိုက်ပြီး မှန်ကို ပြန်ကြည့်နေလိုက်သည်။
ပိုးပိုး က အနား ရောက်လာပြီး လပြည့် လက်ကို ဆွဲသည်။
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...