Part 19

4.2K 201 22
                                    


ရင်ထဲကပန်း

အပိုင်း (၁၉)

#ရင်ထဲကပန်း

10090112

"ထမင်းစားပြီးပြိလား.."

"အင်း..."

"လိုရင် ခေါ်လိုက်.."

ပိုး ခေါင်းဖြီးနေရင်း မှန်ထဲက တဆင့်လှမ်းပြီး ကြည့်မိသည်။

အခန်းထဲက ကျောခိုင်းထွက်သွားပြီမို့ သက်ပြင်း ဖွဖွ ချလိုက်ရသည်။

ပိုး အားနည်းပြီး အဖျားကြီးနေလို့ ဆေးရုံတက်ခဲ့ရသည်။

ဆေးရုံက ပြန်လာကတည်းက အရင်လို မဟုတ်ပဲ အိမ်မှာ အချိန်များများ တွေ့ရပါသည်။

ဆေးသောက်ဖို့နဲ့ စားဖို့သောက်ဖို့ မေးရုံလောက်ပါပဲ..။

ကိုကြီးလို ဂရုစိုက်ပေးမယ်ပြောခဲ့ပေမဲ့ သူလုပ်နေတာ တာဝန်တစ်ခုကို မဖြစ်မနေ လုပ်နေသလို စေတနာ မပါတာ သိသာသည်။

ပိုးကလည်း သူ့ဆီက ဘာမှ မမျှော်လင့်ထားပါဘူး.။

ပိုး မျှော်လင့်ထားတာ ကိုကြီးဆီက အဆက်အသွယ်လေး တစ်ခုခုပါပဲ..။

အရင်အတိုင်း ချစ်နေဆဲပဲ ပိုး နေမကောင်းတာ ကိုယ် စိတ်ပူပြီး ရူးတော့မယ် ဆိုတဲ့အလိမ်အညာ စကားမျိုးကိုသာ ကြားချင်သည်။

ကိုကြီး တို့ မိသားစု ပုံတွေကလည်း ခုရက်ပိုင်း ဆက်တိုက်တွေ့နေရတော့ ပိုးရဲ့ မျှော်လင့်ချက်တွေက နာကျင်မှုဆီ ပြောင်းကုန်သည်။

မှန်ထဲက ပိုးမျက်နှာမှာ အရင်တုန်းကနဲ့ ကွဲပြားလာပြီ..။

မျက်နှာကိုကော ခန္ဓာကိုယ်ကိုကော ဂရုမစိုက်အားတော့လို့ မွဲခြောက်ခြောက် ဖြစ်လာသည်။

ပိုး မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ချင်စိတ်လည်း မရှိတော့ပါဘူး..။

ပိုး တန်ဖိုးထား ယုယခဲ့သမျှ စုတ်ပြတ်သတ်ကုန်တဲ့ ပိုးဘဝကို ပိုး မုန်းနေမိပြီ..။

"............"

အခန်းထဲကို ပြန်ဝင်လာတော့ ပိုး မျက်လုံးတွေကို နေရာရွေ့လိုက်ကာ ဘီး သိမ်းသလိုလို ဖြင့်ခေါင်းငုံ့ထားမိသည်။

ရင်ထဲကပန်းWhere stories live. Discover now