ရင်ထဲကပန်း
အပိုင်း(၂၃)
#ရင်ထဲကပန်း
"ပိုးပိုး..ဘယ်မှာလဲ.."
"ဒီမှာ..."
ဂါဝန်အနီရောင်လေးနဲ့ ဆံပင်ကို နှစ်ဖက်ခွဲပြီး ထုံးထားတာ ဗိုက်သာမရှိရင် ကလေးမလေး လိုပါပဲ.။
လပြည့် ဝယ်လာတဲ့ အိတ်တွေကို ကိုင်ရင်း ခဏငေးနေမိပြီးမှ သတိဝင်လာသည်။
"ဘာလုပ်နေတာလဲ..."
"........"
"မှန်ရှေ့ထိုင်နေပြန်ပြီလား..."
"မဟုတ်ပါဘူး.."
မဟုတ်ပါဘူး ပြောပေမဲ့ ထိုင်နေမှာတော့ သေချာသည်။
ကိုယ်ဝန်က လရင့်လာပြီဆိုတော့ ပုံမှန် လမ်းလျှောက်ဖို့လိုသည်။
ညနေ လမ်းလျှောက်ဖို့ခေါ်ရင်လည်း လှေကားမဆင်းချင်ဘူးဆိုပြီး ညီးသည်။
အခန်းတံခါးဝမှာပဲ ပိတ်ရပ်နေတော့ လပြည့် မယုံလို့ မုန့်အိတ်ကို ကိုင်ထားရင်း အခန်းထဲ ဝင်ကြည့်မိသည်။
"ဟ..ဘာတွေ လုပ်နေတာလဲ..."
"တို့ အဝတ်တွေစီနေတာ.."
သူ့အဝတ်စီတယ်သာ ပြောတယ်...။
ခုတင်ပေါ်မှာ လပြည့် ရှပ်အကျီ ၤ အပြာရောင်က ခေါက်လက်စကြီး ဖြစ်နေသည်။
ဘေးမှာလည်း ပုဆိုးတွေကို သပ်သပ် စီထားသည်။
လပြည့်က အလုပ်မအားတော့ ရေချိုးရင်း အဝတ်လျှော်ပြီး ညစာစားပြီးအချိန် ရရင် မီးပူထိုးဖြစ်သည်။
သူ့အဝတ်အစားတွေကတော့ လူငှါးထားလို့ လျှော်ဖို့ဆို လာယူသွားပြီး မီးပူထိုးကာ ပြန်ယူလာတက်သည်။
လပြည့် အဝတ်အစားတွေကတော့ အများကြီးလည်း မရှိလို့ ဘီဒိုထဲ ကြုံသလို ထိုးထည့် ပြန်ဝတ်တာပဲလေ..။
ခုကျတော့ ဘီဒိုအပေါ်ဆုံးမှာ တစ်ကန့်သီးသန့် စီထည့်ပေးနေတာ...ဘာဖြစ်လို့ပါလိမ့်....။
"အောက်မှာ ကလေးအတွက် ထည့်မို့...ရှင်းနေတာ..."
လပြည့်ကို ပြောရင်း ခုတင်ပေါ်က ရှပ်အကျီ ၤကို မခေါက်တက်ပဲ လက်ကို ဟိုဘက်ဆွဲလိုက် ဒီဘက် ချလိုက် လုပ်နေတော့ ရယ်ချင်လာသည်။
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...