အခန်း၁(Unicode+Zawgyi)

2.2K 50 0
                                    

Unicode

ပတ်ဝန်းကျင်ရှိလေထုတို့ကအနည်းငယ်အေးစက်နေသယောင်ပင်...။လေထုကိုကပင်ကိုအေးစက်နေသည်လား သို့မဟုတ် သူကိုယ်တိုင်က စိတ်လှုပ်ရှားမှုကြောင့် ခြေဖျားလက်ဖျားတွေအေးစက်နေတာလားလည်း မသဲကွဲ။ဘာပဲ ဖြစ်ဖြစ်အခုချိန် သူ့ရဲ့ရင်ထဲမှာ ဟာတာတာနဲ့ အေးတိအေးစက်ကြီးခံစားနေရပါသည်။သက်ပြင်းတစ်ချက် မသိမသာခပ်ဖွဖွချလိုက်မိပြီးမှ ဘေးလူမြင်သွားလားဟုလည်း ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရသေးသည်။တော်သေးသည်က မည်သူမှသူ့အနားမှာရှိမနေ...။သူတစ်ယောက်ထဲသာ အတန်ငယ်ကျယ်ဝန်းသည့် ဒီဧည့်ခန်းရှိဆိုဖာပေါ်မှာ ထိုင်နေရခြင်းဖြစ်တာကြောင့်။

တိတ်ဆိတ်သော ရပ်ဝန်းနှယ် ထိုနေရာမှာ သူငြိမ်ငြိမ်လေးထိုင်နေရင်း အိမ်ပေါက်ဝက မေမေ့အား လှမ်းကြည့်မိသည်။ မှိုင်းဖျော့လွန်းတဲ့ မျက်ဝန်းတွေနဲ့ သူ့အားကြည့်နေတော့သည်။ သူထိုမျက်ဝန်းတွေအား ရင်မဆိုင်နိုင်စွာ ခေါင်းကိုသာ ငုံ့ထားမိတော့သည်။ မိသားစုနှင့် ခွဲခွာရခြင်းသည် ဤမျှလောက်တောင် ခံစားရခက်ပါပေသလား...။အထူးသဖြင့် ဆောင်းမင်းညလိုမျိုး ငယ်ငယ်လေးကတည်းက မိသားစုနဲ့မခွဲမခွာရှိနေပြီး သူစိမ်းဆို၍ ဆွေမျိုးတွေနဲ့တောင်မနေခဲ့ဖူးသော သူတစ်ယောက်အတွက်တော့ မေမေနဲ့ခွဲနေရခြင်းက တကယ်ကိုမနေတတ်ပါ။

မေမေကတော့ အိမ်ပေါက်ဝမှာသာ ရပ်၍သူမမိတ်ဆွေ ဦးလေးထက်နဲ့အန်တီသူဇာတို့နှင့် စကားပြောနေသည်။မေမေ့မျက်နှာသိပ်မကောင်းတာကို ဆောင်းမင်းည သိပေမယ့်လည်း နှုတ်နည်းနှုတ်ဆိတ်တတ်သူပီပီ ဘာမှမမေးပဲ ငြိမ်ငြိမ်လေးသာနေခဲ့သည်။ခဏလောက်ကြာတော့ မေမေကစကားပြောနေရင်းနှင့်မှ သူ့ဘက်သို့လှည့်လာပြီး...

"သားလေး...စာကောင်းကောင်းကြိုးစားနော် မေမေသွားမယ် ။သူဇာ...နင်နဲ့ကိုအောင်ထက်ကို ငါ့သားလေးကို အပ်တယ်နော်''

"အေးပါ ခင်နှင်းဆီရယ်...ငါတို့သေချာစောင့်ရှောက်ပါမယ် စိတ်သာချ။နင်ကဘယ်တော့လောက်ပြန်လာမှာလဲ... "

ဆောင်းမင်းညလည်းငြိမ်သက်စွာ ထိုင်နေရင်းမှ မေမေတို့ စကားများကိုနားထောင်နေလိုက်သည်။မေမေက ခုဏကအိမ်အဝင်တံခါးကနေလှမ်းပြောနေပြီး ဦးလေးထက်ဆီ က ဘယ်တော့ပြန်လာမလဲဆိုတာကိုကြားတော့ အသံတိတ်သွားသည်။ သူနားစွင့်နေသော်လည်း မကြားရတော့။မေမေဆက်မပြောတော့တာလား ဒါမှမဟုတ် သူမကြားအောင်ပဲ တမင်သက်သက်အသံကိုတိုးပြီးပြောနေတာလား?

YOU,My Sun,My LoveWhere stories live. Discover now