Unicodeနေဝန်းနီတစ်ယောက် ရေချိုးခန်းထဲတွင်ထိုင်နေရင်း အကြာကြီးစဥ်းစားနေမိသည်။သူဟာ ဆောင်းမင်းညနဲ့ခင်တာမှ တစ်ရက်နှင့် တစ်ညပဲရှိသေးသည်။ဘာကြောင့်များ အချိန်တိုင်းဆောင်းမင်းညရဲ့အကြောင်းတွေကိုပဲတွေးမိနေရတာလဲ?ဘာလို့ သူ့ကိုပဲ သူ့အကြောင်းကိုပဲ ခေါင်းထဲကမထုတ်နိုင်ထပ်တလဲလဲ စဥ်းစားမိနေတာလဲ?
မဟုတ်မှလွဲရောသူ...သူကွေးသွားပြီလား? အလန့်တကြား ခေါင်းကိုခါယမ်းမိလိုက်ပြီး သက်ပြင်းချလိုက်မိပါသည်။ဒီအရွယ်ထိ ဘယ်သူဘယ်ဝါဆိုပြီး သဘောမကျခဲ့ပေမယ့် မိန်းကလေးကိုပဲစိတ်ဝင်စားတာ သေချာပါသည်။သို့ပေမယ့်လည်း ဆောင်းမင်းညအရှေ့ရောက်လျှင်တော့ ကိုယ့်ကိုကိုယ် ဘယ်လိုဖြစ်သွားမှန်းပင်မသိအောင် ရင်တွေဗလောက်ဆူလာရသည်။
"ဟာ...မဖြစ်နိုင်ပါဘူး''
ရေပိတ်ကာ အကြာကြီးရပ်ပြီးစဥ်းစားမိနေရင်း အတွေးတွေကဦးတည်ရာတစ်ခုထဲ ကိန်းအောင်းနေပြီး ထိုအတွေးတွေကိုလည်း သူဘယ်လိုမှလက်မခံနိုင်ပါ။သူက လုံးဝယောက်ျားချင်းကြိုက်တတ်တဲ့သူ မဟုတ်တာလည်း သေချာသည်။ယောက်ျားစစ်စစ်ပေမယ့် ဘာကြောင့်များ ဆောင်းမင်းညနဲ့မှ။ပြီးတော့ တွေ့တာကလည်း အခုမှနှစ်ရက်သာသာ...။သူ ယောက်ျားလေးတစ်ယောက်ကိုတော့ မြင်မြင်ချင်းချစ်သွားမိတာ မဟုတ်ဘူးမလား။အဲ့ဒီလိုတကယ်ပဲ ဖြစ်နေတာလား။ သူခပ်ကြောင်ကြောင်ရပ်နေတုန်း ရေချိုးခန်းအပြင်ဘက်မှ ဆောင်းမင်းည ခေါ်သံသဲ့သဲ့ကိုကြားလိုက်ရသည်။
"နေဝန်းနီ...''
". . . "
"နေဝန်းနီ ငါခေါ်တာကြားလား''
ခဏလောက်ကြောင်ကာရပ်နေရင်းမှ အသိဝင်လာကာ သူအောက်ပိုင်းကို အမြန်သဘက်ပတ်လိုက်ပြီး ထွက်လာခဲ့သည်။သူထွက်လာတော့ ဆောင်းမင်းည၏စိုးရိမ်ရိပ်စွက်နေသော မျက်လုံးများက သူ့ကိုကြည့်နေလျက်...။သူဘာမှမပြောပဲ ထိုမျက်ဝန်းတို့ကိုတန်ပြန်ကြည့်လိုက်တော့ မျက်လွှာချကာ နောက်ပြန်လှည့်သွားပြီး...
"မင်းအထဲမှာရေသံမကြားတော့ဘဲ တိတ်နေတာကြာလို့တစ်ခုခုဖြစ်နေတယ်ထင်ပြီး ခေါ်ကြည့်တာ...''
YOU ARE READING
YOU,My Sun,My Love