အခန်း၁၄(Unicode+Zawgyi)

122 10 0
                                    

Unicode

နေဝန်းတို့ အိမ်ပြန်သည်အထိ ဆောင်းမင်းညစိတ်တွေက အနည်မထိုင်သေးဘဲ တစ်ပတ်လောက် ငူငူငိုင်ငိုင်ဖြစ်နေဆဲ...။ သို့သော် ကြာတော့လည်း ပုံမှန်ပြန်ဖြစ်လာသည်။ ပြောင်းလဲသွားသည်ကတော့ စကားနည်းလာခြင်းနှင့် ညညဆို ဆောင်းမင်းညတစ်ယောက် တိတ်တိတ်လေး ရှိုက်ငိုလာတတ်ခြင်းပင်...။ နေဝန်းကတော့ ဆောင်းမင်းညမျက်နှာကိုသာ ကြည့်ကာ အမြဲနေသူမို့ သူမျက်နှာတစ်ချက်ပျက်တိုင်း တစ်နည်းမဟုတ်တစ်နည်းနှင့် ပျော်ရွှင်အောင် လုပ်ပေးတတ်ပါသည်။

ရက်တွေကြာလာတော့ စာမေးပွဲကြီးကလည်း နီးလာလေပြီ။ ဆောင်းမင်းညနှင့် နေဝန်းကတော့ ချစ်သူဖြစ်လင့်ကစား ဆောင်းဘက်ကပိုပြီး အနေအေးလာခဲ့သည်။ နေဝန်းမှာတော့ ဆောင်းနှင့်ပက်သက်၍ ဝမ်းနည်းမိသည်ကတစ်ကြောင်း...ထို့အပြင် နွေသဥ္ဇာ ဟူသော မိန်းကလေးကြောင့် ပိုပြီးတော့ပင် စိတ်ရှုပ်ရသည်။ သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုးနှင့် မိန်းကလေးတန်မဲ့ အရှက်မဲ့စွာ နေဝန်းကို ထိကပါးရိကပါးလာ လာလုပ်သည်။ သူနှင့်ဆောင်း အတူတူရှိနေချိန်တွင်လည်း ဘေးကနေ စကားတွေကို ရွဲ့သလိုလို စောင်းပြေသလိုလိုနှင့် ပြောတတ်သေးသည်။

ယမင်းမေကတော့ အရင်က သူတို့နှင့် ကတောက်ကဆ ဖြစ်ဖူးသည်ဆိုသော်လည်း ယခုမူတော့ မဟုတ်တော့ပါ။ ခင်မင်လာပြီး အရင်က သူမပြောခဲ့သမျှအတွက်လည်း တောင်းပန်လာခဲ့သည်။ သခင်နဲ့လည်း အရင်လို တွေ့တိုင်းကိုက်မနေတော့ဘဲ နည်းနည်းပါးပါး စကားအကောင်းတွေပြောလာသည်။ သူနှင့်ဆောင်းအား နွေသဉ္ဇာက မကောင်းလာပြောလျှင်လည်း နှစ်ယောက်ပေါင်းကာ ပြန်ရန်တွေ့တတ်သေးသည်။ အခုလက်ရှိတော့ တစ်ခုပါပဲ...အဆင်မပြေတာ ။ အဲ့ဒါကတော့...

" ဟဲ့...''

" ဟာ...လန့်တာ''

သူနောက်လှည့်ကြည့်လိုက်တော့ ယမင်းမေ။

" ဘာတွေတွေးနေတာလဲဟ...ခေါ်မကြား အော်မကြားနဲ့''

" သြော်...ဘာမှမဟုတ်ပါဘူးဟာ။ ဒီတိုင်း ဟိုတွေးဒီတွေးပါ''

" အေးပါ...ဒါနဲ့''

ယမင်းက ဆောင်းမင်းည မကြားအောင် အသံကိုလျှော့လိုက်ပြီး...

YOU,My Sun,My LoveTahanan ng mga kuwento. Tumuklas ngayon