Unicode
This part contains mature scenes.
မော်ကွန်း၏စကားများသည် တစ်စထက်တစ်စ လွန်ကြူးလာပြီဖြစ်သဖြင့် စိုင်းရဲ့သည်းခံနိုင်စွမ်းကထိန်းမရတော့။ သူသည် စိုင်း၏ ဂုဏ်သိက္ခာအား စော်ကားလာလေပြီ။ စိုင်းထင်နေတာက သွေးဆူနေသော မော်ကွန်းသည် စိုင်းအား ပြန်လည်ရန်ပြုတော့မည် ဟု...။
မော်ကွန်းက အနောက်သို့ယိုင်သွားသော သူ့ခန္ဓာကိုယ်ကို ထိန်းလိုက်ကာ အထိုးခံလိုက်ရပါသော သူ့နှုတ်ခမ်းထောင့်စွန်းအား ဖိကိုင်ကာ ပွတ်ဆွဲလိုက်သည်။
" ဟက်...မှန်တာပြောလို့နာတာလား''
" မင်းဘာမင်း ဘာစောက်စကားပြောပြောရတယ်။ ဒါပေမယ့် တစ်ဖက်လူဖြစ်တဲ့ မြူ့သိက္ခာကိုတော့မထိပါးနဲ့''
မင်းခမော်ကွန်းသည် သူနှင့်စကားများနေရင်းမှ ပြောလိုက်ပါသော အန်ကယ်လေး၏ စကားကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်မိသည်။
" ခင်ဗျားက ခင်ဗျားလူထိတော့ နာတယ်ပေါ့...ဟုတ်လား စိုင်း''
စိုင်းရဲ့ ခန္ဓာကိုယ်ကို လက်မောင်းမှတစ်ဆင့် မော်ကွန်းက အကြမ်းပတမ်း ကိုင်လှုပ်လိုက်တော့သည်။ စိုင်းမှာ မိမိထက်ငယ်ပါသော်လည်း မိမိထက်အားကောင်းလှပါသော မော်ကွန်းကို မရုန်းနိုင်။ စိုင်းလက်မောင်းတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် တဆစ်ဆစ်နာကျင်ရသည်။
"ငါနဲ့မြူနဲ့ကအရှင်းကြီး...မင်းစော်ကားစရာလည်း မလိုဘူး။ မင်းနဲ့ဘာဆိုဘာမှ မဆိုင်ဘူး''
စိုင်းရဲ့ထိုစကားကြားတော့ မော်ကွန်းက သူ့လက်တွေကို လွှတ်လိုက်ကာ တဟားဟားအော်ရယ်နေတော့သည်။ ထို့နောက် ဒုတိယအကြိမ် စိုင်းရဲ့လက်တို့အား ချုပ်ကိုင်လိုက်ကာ...
" အဲ့ဒါဆိုလည်း ကျွန်တော်နဲ့အန်ကယ်လေး ဆိုင်သွားအောင် လုပ်လိုက်ကြမယ်''
" ဘာ...မင်း!!!''
စကားပြောချိန်ပင် မရလိုက်၊အိပ်ယာပေါ်သို့ အတင်းတွန်းချခြင်းခံလိုက်ရပါသော စိုင်း၏ခန္ဓာကိုယ်။ မော်ကွန်းက ရှပ်အကျီ..ကြယ်သီးကို ခါးထိအကုန်ဖြုတ်ကာ အကျီ..ကိုမချွတ်ပဲ စိုင်းရဲ့အပေါ်သို့ အုပ်မိုးလာခဲ့သည်။
ESTÁS LEYENDO
YOU,My Sun,My Love