Unicode
လွန်ခဲ့သော ငါးနှစ်ခန့်...
<<<<<<<<<<<<<<<<<<<<<<<<<<<<<
မြူလင်းမောင်သည် မနက်စောစောစီးစီးကတည်းက အိမ်မှာအမြဲကြားနေကျ အသံများနှင့်ကြိုဆိုနေပါသော အဖေနှင့်အမေ၏ အပြောတွေကြောင့် စိတ်ညစ်ညစ်နှင့် ကျောင်းကိုသာလာခဲ့တော့သည်။ နားကြပ်လေးတပ်ကာ ဘောင်းဘီအိတ်ထဲ လက်လေးနှစ်ဖက်ထည့်ပြီး ကျောင်းထဲသို့ တစ်လှမ်းချင်းဝင်လာတုန်း သူ့အားကြည့်ကာ တီးတိုးပြောကြသော မိန်းကလေးတွေအား တစ်ချက်စောင်းငဲ့ကြည့်လိုက်လေသည်။ စီနီယာအစ်မကြီးတွေ၊နောက်ဆုံးနှစ်အစ်မကြီးတွေပါ ပါကြသည်။ တချို့Fresherဖြစ်ဟန်တူသော ကောင်မလေးတွေကတော့ ပေါ်တင်ကြီးပင် ဓာတ်ပုံရိုက်ယူနေကြသည်။ ကျောင်းမှာ မြူလင်းမောင်ဆိုလျှင် မသိတဲ့သူမရှိ။ အကြည့်တစ်ချက်မှာ မိန်းကလေးတိုင်းကြွေကျကြသည်ဟူ၍ နာမည်ကြီးသဖြင့်...။
သို့သော် မြူလင်းမောင်ကတော့ အနှောင်အဖွဲ့တွေ ဘာညာသာရကာ သံယောဇဥ်နှောင်ကြိုးတွေကို မထားချင်ပါ။ အမြဲတမ်းတကျက်ကျက်ရန်ဖြစ်ကာ သူ့အပြစ်ကိုယ့်အပြစ်ဖို့ကြသော မိဘနှစ်ပါးကိုကြည့်ပြီး ကိုယ်ပါတစ်စုံတစ်ယောက်ကို သံယောဇဥ်နှောင်ကြိုးနှင့် ချည်နှောင်ရမှာကိုစိတ်ပျက်လာသည်။ တစ်ခါစ နှစ်ခါစတော့ မိန်းကလေးတွေနှင့် တွဲကြည့်တော့ ကိုယ်ကမှ မချစ်တော့ အခက်သားရယ်။ အဲ့ဒါနဲ့တင် ပြတ်သွားရတာကြီးပဲပင်။ လူတစ်ယောက်ကို ရင်ခုန်ဖို့ဆိုတာ တချို့လူတွေအတွက် လွယ်သလား? လွယ်လားဆိုတာကိုတော့ မသိပေမယ့် သူ့အတွက်တော့ တကယ်ကိုမလွယ်ပါ။
အိမ်မှာမွန်းကြပ်ရတဲ့သူ့အဖို့ စိတ်ဖြေစရာ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးဝါးတွေထက်တောင် ပိုပြီးခံစားမှုကောင်းစေတဲ့ ဂီတရှိတယ်လေ...။ ဂီတကို professional ကြီးအထိတော့ စိတ်မဝင်စားပေမယ့် အပျော်တမ်းစိတ်ထွက်ပေါက်အနေနဲ့ သီချင်းရေးတာတွေ၊ဂီတာတီးတာတွေတော့ အမြဲလိုလိုရှိခဲ့ပါသည်။ မြူလင်းမောင်ဆိုသည်မှာ အားတာနဲ့ သီချင်းတွေပဲ ထိုင်ရေးနေတတ်တဲ့ကောင်လေးတစ်ယောက်...။ သို့တိုင် သူရေးထားသမျှ သီချင်းတွေအား မည်သူမှ မမြင်ဖူး၊ တွဲဖူးတဲ့ ကောင်မလေးတွေတောင်မှ သူ့အသံကောင်းတယ်ဆိုတာပဲ သိသည်။
BINABASA MO ANG
YOU,My Sun,My Love