အခန်း၁၀(Unicode+Zawgyi)

113 9 0
                                    

Unicode

" ဘာကိစ္စရှိလို့လဲ ယမင်း...''

ဒီမနက်ကျောင်းလာတော့ ယမင်းမေက ဆောင်းမင်းည အတန်းရှေ့လာသည်။ဆောင်းမင်းည အတတ်နိုင်ဆုံးသူမနဲ့မပက်သက်ချင်တော့ပေမယ့် သူမနဲ့ရှင်းစရာကိစ္စကလည်းရှိနေသေးပြန်သည်။စိတ်လည်းအရမ်းညစ်ဖို့ကောင်းသည်။ယမင်းမေကြောင့် နေဝန်းနီစိတ်ဆင်းရဲခဲ့ရတာကိုတွေးမိလျှင် ဆောင်းမင်းညထူပူလာပြီး မျက်စိရှေ့မှ မိန်းကလေးကိုပစ်ပစ်ခါခါပြောလိုက်မိချင်သည်။သို့ပေမယ့်လည်း ဒီကိစ္စကြောင့်သာ သူနဲ့နေဝန်းနီရဲ့ကြားမှာ ပြောင်းလဲမှုတွေဖြစ်လာရတာ...။

နေဝန်းနီကအတန်းပိုင်ဆရာမခေါ်သဖြင့် ခဏသွားသောကြောင့် ဆောင်းမင်းညတစ်ယောက်သာ အတန်းမှာကျန်နေခဲ့သည်။ကျန်တဲ့ကျောင်းသားတွေကလည်းကိုယ့်အာရုံနှင့်ကိုယ်မို့ သူတို့ကိုဂရုမစိုက်မိကြပါ။

" ငါနင့်ဆီက စာအုပ်လာငှားတာ...''

အချိုသာဆုံးအပြုံးဖြင့်ယမင်းမေက သူ့ကိုပြုံးပြနေသည်။ချောလှသည့်သူမရဲ့ရုပ်ရည်ကဆောင်းမင်းညမျက်လုံးထဲတွင်တော့ ဘယ်လိုမှမတိုးပေါက်နိုင်။

ဆောင်းမင်းည သူမကိုတစ်ချက်ပြုံးပြလိုက်တော့ ဝမ်းသာသွားဟန်ရှိသည့်သူမ...။

" ရတာပေါ့...''

တောက်ပသွားသော သူမမျက်နှာကို သေချာစိုက်ကြည့်လိုက်ပြီး...

"သဘောရိုးနဲ့ စိတ်သန့်သန့်ဆိုရင်လေ...''

" ဘာ...ဘာကိုပြောချင်တာလဲ...ဆောင်းမင်းည''

သူသက်ပြင်းတစ်ချက်ချလိုက်ကာ...

" မိန်းကလေးတစ်ယောက်ကို ငါဒီလိုမပြောသင့်ဘူးထင်တယ်။ ဒါပေမယ့် အခုတော့ငါပြောပါရစေ...။ ဟိုတစ်နေ့က နင်ငါ့စာအုပ်ထဲကိုစာရေးလိုက်တာ...အဲ့လိုမျိုးနောက်မလုပ်ပါနဲ့...။ ငါအနူးအညွတ်တောင်းဆိုတာပါ။''

"ဆောင်းမင်းညရယ်။ အဲ့ဒါငါပေါ့ပျက်ပျက်သဘောနဲ့ ရေးလိုက်တာ မဟုတ်ပါဘူးဟာ...။ ငါ...ငါနင့်ကိုတကယ်ချစ်တာပါ။''

ယမင်းမေက ပြောရင်းဆိုရင်း သူ့လက်ကိုလာကိုင်ကာ ငိုတော့မလိုဖြစ်တော့ ဆောင်းမင်းညက ရုန်းလိုက်ရင်း....

YOU,My Sun,My LoveWhere stories live. Discover now