အခန်း၇(Unicode+Zawgyi)

142 16 2
                                    

Unicode

နေဝန်းနီကဆောင်းမင်းညကို မစိုက်ကြည့်နေပေမယ့်လည်း ဆောင်းမင်းညကသဘော ပေါက်သွားသည့်ဟန်ဖြင့်...

" ငါနင့်ကိုမိတ်ဆက်ပေးရဦးမယ်သခင်...။သူက နေဝန်းနီတဲ့။ငါအခုသူတို့အိမ်မှာနေနေတာလေ။ နေဝန်းနီ... ဒါငါ့ရဲ့အခင်ဆုံးသူငယ်ချင်းမြတ်ပန်းသခင်တဲ့...''

"အင်း...''

နေဝန်းနီက အင်း တစ်လုံးတည်းသာ ပြောလိုက်တော့ ဆောင်းမင်းည ကမျက်မှောင်ကျုံ့ လိုက်ပါသည်။အနည်းဆုံးတော့ ပြန်ပြီးပြုံးပြသင့်တာမဟုတ်လား...။မနှုတ်ဆက်ရင်တောင် ပြုံးပြအသိမှတ်ပြုသင့်တာ။နေဝန်းနီ ဘာဖြစ်နေတာလဲ? သခင်ကတော့ သူတို့နှစ်ယောက်ကို နားမလည်နိုင်စွာစိုက်ကြည့်နေလျက်...။ရုတ်တရက် နေဝန်းနီက ဆောင်းမင်းညပုခုံးကိုလာပုတ်ပြီး...

"ဆောင်း...ငါကိုးတန်းခန်းဘက်သွားဦးမယ်။ဆရာမက ကိုးတန်းကလေးတွေဆီက စာအုပ်တွေသွားယူခိုင်းထားလို့...''

"အင်း...သွားလေ။ငါရောလိုက်ရဦးမလား''

"ဟင့်အင်း...မလိုက်နဲ့တော့။မင်းသူငယ်ချင်းနဲ့ စကားပြောနေလေ။သွားဦးမယ်နော်''

အနားမှာ ထွက်ခွာသွားသည့် နေဝန်းနီ၏ကျောပြင်ကို မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိပါသည်။သက်ပြင်းတစ်ချက်က ဘယ်ကနေဘယ်လိုရောက်လာမှန်း မသိစွာ ချပြီးမှသိနှင့်သည့်အဖြစ်။နေဝန်းနီ သူ့ကိုစိတ်ကွက်သွားတာလား။ခါတိုင်း သူ့ကိုအပြုံးမျက်နှာဖြင့်သာ စကားတွေပြောတတ်သည့် နေဝန်းနီက အခုတော့မျက်နှာကိုလိုတာထက်ပိုပြီး နှိမ့်ချသွားသလိုဖြင့်...။သူ တကယ်မနေတတ်။

"ဆောင်းမင်းည...''

သခင့်ခေါ်သံကြားမှ သူလည်းအနားမှာသခင်ရှိနေမှန်းသတိထားမိကာ ကြည့်လိုက်မိသည်။

"အေး...ငါခုနက အတွေးလွန်သွားလို့''

"အင်း...ဘာမှမဟုတ်ပါဘူး။ငါနင့်ကိုမေးစရာလေးရှိလို့''

"မေးလေဟ...နင်ကလည်း မေးချင်ဒဲ့မေးပေါ့။နင်နဲ့ငါက စကားပလ္လင်ခံနေရမယ့်သူတွေလား''

YOU,My Sun,My LoveDonde viven las historias. Descúbrelo ahora