Unicode
" အင်း...ရတယ်ပဲဆိုရမှာပေါ့။ မရရင်ဆောင်းပြလေ ''
" ပြစရာလား မင်းကို...။ ငါ့အမှတ်တွေသူများကိုမပေးနိုင်ဘူး''
" ဟွန့်...ကပ်စေးနည်းလိုက်တာ ဆောင်းမင်းညက...''
သူ့ခေါင်းအားဆောင်းကလက်ထဲမှ စာအုပ်နှင့်ကောက်ထုလိုက်ပြီး...
" ငါက ကပ်စေးနည်းတယ်ဆို ငါ့နားမကပ်နဲ့လေ''
" ဟီး...စတာ စတာ ဆောင်းကအတော်ဆုံး''
ဆောင်းနှင့်စကားပြောအပြီး နောက်ကိုလှည့်မိတော့ သခင်တစ်ယောက် ငိုင်ငိုင်ကြီးနှင့်မေးထောက်ကာ တစ်မျိုးဖြစ်နေသည်။ ခါတိုင်းဆိုလျှင် အတန်းထဲတွင် တက်ကြွလျက်ရှိသော သူမက ယနေ့ငြိမ်နေသည်မှာ အတော်ထူးဆန်းသည်။
" ဆောင်း...သခင့်ကိုကြည့်ဦး..ဘာဖြစ်နေတာလည်းမသိဘူး''
ဆောင်းမင်းညလည်း နေဝန်းနီအပြောကြောင့်လှည့်ကြည့်လိုက်တော့ သခင်သည် မှိုင်တွေနေလေသည်။ သူမဘေးက အတန်းဖော်မလာသေးသဖြင့် နှစ်ယောက်သားသခင့်ဘေးသို့သွားထိုင်မိကြသည်။
" သခင်...နင်ဘာဖြစ်နေတာလည်း? ခါတိုင်းနေ့တွေနဲ့ မတူသလိုပဲ''
" ဘာမှမဖြစ်ပါဘူးဟာ...ဒီအတိုင်း''
နေဝန်းနီက သူတို့နှစ်ယောက်ကြားထဲ...
"ဧကန္တ...သခင် နင်ဒီနေ့ အတန်းထဲ ယမင်းမလာလို့ မှိုင်နေတာမလား''
နေဝန်းစကားကြောင့် သခင်က ပျာပျာသလဲဖြင့်...
" ဟာ...မ မဟုတ်ပါဘူး။ ငါ့ဟာငါ ခေါင်းထဲ ငြီစီစီဖြစ်နေလို့...''
ဆောင်းမင်းညက သက်ပြင်းတစ်ချက်ချလိုက်ပါသည်။သခင်က ငယ်ငယ်လေးထဲက ပေါင်းလာသည့်သူငယ်ချင်းတစ်ယောက်မို့ သူ့အပြောအဆို သူ့အမူအရာ အကုန်သိပါသည်။ သူမဟာ ယမင်းမေအားမသိစိတ်ကနေတွယ်တာနေတာကိုလည်း သူသိသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်က သူ့စိတ်သူညာကာ အတင်းငြင်းနေသည်မို့ ဆောင်းလည်းအတင်းကြီးမပြောချင်...။ ထို့ကြောင့်...
" အင်း...အင်း ခေါင်းထဲမကောင်းရင်လည်း အိမ်ပြန်နားလိုက်လေ...''
ESTÁS LEYENDO
YOU,My Sun,My Love