Unicode
ရက်များကြာလာသည်နှင့်အမျှ ဆောင်းမင်းည မှာ နေဝန်းနီကိုပို၍ပင် ခင်တွယ်လာရပါသည်။နေဝန်းနီကသူ့အပေါ်မှာ အတိုင်းထက်အလွန်သဘောကောင်းသဖြင့် တခြားသူတွေထက်လည်း သူ့ကိုပို၍ခင်တွယ်မိသည်။ပြီးတော့ သူထင်နေသလိုမျိုးလည်း မဟုတ်။ဒီကိုစစရောက်ချင်းတုန်းကနေဝန်းနီကို လူမိုက်ထင်ခဲ့သော ကိုယ့်အဖြစ်ကိုယ်တွေးရင်းနှင့်လည်း ရယ်ချင်မိသည်။
ဘာမှန်းညာမှန်းသေချာမသိဘဲနဲ့ ကိုယ်ကသူ့ကိုအတန်းခေါင်းဆောင်ဖြစ်ပြီး ရန်ဖြစ်စရာလားလို့ လျှာရှည်ဆရာကြီးလုပ်ခဲ့မိသေးတာ...။ပြန်တွေးကြည့်မိရင်အားနာစရာကြီး။ဒါပေမယ့် နေဝန်းနီဆိုတဲ့ကောင်ကတော့ ဆောင်းမင်းည ဘာပြောပြောကိုပြုံးနေရုံကလွဲပြီး ဘာမှစိတ်ဆိုးတာဘာညာမရှိ။သူ့ဘဝတစ်လျှောက်လုံး ယောက်ျားလေးသူငယ်ချင်းတွေထဲမှာအရမ်းခင်မိတာ နေဝန်းနီတစ်ယောက်ထဲ...။
ဘာကြောင့်မှန်းမသိ သူထင်မိသည်က တစ်ခါတရံ နေဝန်းနီသူ့ကိုကြည့်သည့်အကြည့်တွေက နူးညံ့လွန်းသည်ဟု...။သူကပဲ စိတ်ထင်နေတာလားမသိ။ဆောင်းမင်းညကစကားနည်းသလောက် လူကဲခတ်လည်းမကောင်းလှပါ။ သို့သော် သူတစ်ချိန်လုံး နေဝန်းနီနှင့်အတူ စကားပြောနေရသည်ကို သူပျော်ရွှင်သည်။ တစ်ခါတရံ ကိုယ့်အပူတို့ကိုပါ မေ့လျော့နေတတ်သည်။နေဝန်းနီက သူ့ကိုပျော်ရွှင်အောင်လုပ်ပေးတတ်သည်။ဒီအချက်တွေကပဲ ဆောင်းမင်းည သူ့ကိုပိုခင်စေဖို့အတွက် အထောက်အကူပြုနေသည်။
ပြီးတော့သူကအတန်းထဲမှာလည်းဆောင်းမင်းညရယ် သူငယ်ချင်းတချို့ရယ်ကလွဲရင် ဘယ်သူနဲ့မှသိပ်စကားမပြောတတ်။အကြောင်းကိစ္စတစ်ခုခုရှိမှသာ မေးထူးခေါ်ပြောလုပ်တတ်သည်။ဒသမတန်းက ရုပ်ချောသည့် အတန်းခေါင်းဆောင်အကိုကြီးဆိုသည့် ဂုဏ်နှင့်လိုက်ဖက်စွာ သူ့ဆီသို့မုန့်တွေအအေးတွေလာပေးကြသည့် အငယ်တန်းမိန်းကလေးတွေကလည်းမနည်း။အတန်းထဲမှာဆိုတာ မပြောနဲ့တော့...။သို့ပေမယ့် နေဝန်းနီဆိုသည့် မော်နီတာကြီးကတော့ ဘယ်သူ့မုန့်ကိုမှမစား။ရသမျှ ဆောင်းမင်းညကိုအကုန်ကျွေးသည်။သူကျွေးတော့လည်း စားရတာပေါ့...။
STAI LEGGENDO
YOU,My Sun,My Love