အခန်း၁၈(Unicode+Zawgyi)

55 2 0
                                    

Unicode

" နေ...တာ့တာ။ ဆောင်း...တာ့တာနော်။ နောက်လည်း ကြုံရင် ပျိုတို့အိမ်ဝင်နော်''

" အင်း ပျို။ တာ့တာ''

နေဝန်းက ရုပ်တည်ကြီးနှင့် နေနေသလောက် ဆောင်းမင်းညက အပြုံးလေးနှင့်ပင်နှုတ်ဆက်ခဲ့လေသည်။ အပြန်လမ်းတစ်လျှောက်လုံး ကားပေါ်မှာ ဆောင်းအားမျက်နှာပင်လှည့်မကြည့်ဘဲ ကားမှန်ဘက်သာ မျက်နှာမူနေသည်။ သူ့ကိုဆို အမြဲအရိပ်တကြည့်ကြည့်နှင့် စကားတွေတစ်ခွန်းပြီးတစ်ခွန်းပြောဗသာ နေဝန်း၏ တိတ်ဆိတ်နေပုံအရ သူစိတ်ဆိုးနေပြီဆိုတာ သိလိုက်သည်။

ချော့ချင်ပေမယ့်လည်း လုံခြုံသည့်နေရာ၊သင့်တော်သည့်နေရာမဟုတ်၍ ဆောင်းမင်းည ဒီတိုင်းလေးသာ အလိုက်သင့်နေနေလိုက်သည်။ တကယ်တော့ နေဝန်းအပေါ်သန်မာချင်ယောင်ဆောင်ပြီး မသန်မာနိုင်သူက ဆောင်းပဲဖြစ်သည်။ အမြဲတမ်းကိုယ့်ကိုအလျှော့ပေးခဲ့သောသူမလို့လားမသိ၊ သူစိတ်ဆိုးတော့ ဆောင်းမင်းည နေရခက်သည်။ တကယ်ပါ သူနဲ့ပက်သက်ရင် အဲ့ဒီလိုကိစ္စလေးတွေကအစ နေဝန်း sensitive ဖြစ်လိမ့်မယ်လို့ မထင်ခဲ့တာ...။



" နေဝန်း...''

သူခေါ်တာကို အဖတ်မလုပ်ပဲ အခန်းထဲသို့သာ ခပ်သွက်သွက် ဝင်သွားသောသူ...။ ဆောင်းသက်ပြင်းချမိပြီး နေဝန်းထိုင်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်လေသည်။ အနည်းငယ်ရှေ့သို့တိုးကာ သူရဲ့လက်တစ်ဖက်အားကိုင်လိုက်သည်။ အလိုက်သင့်ပါလာပုံအရ ဆောင်းမင်းညကို ရှောင်ဖယ်လိုသော ဆန္ဒမရှိမှန်း သိသာသည်။သူ့လက်လေးကို ကိုယ့်ပါးပေါ်တင်စေပြီး...

" ငါ့ကိုစိတ်ဆိုးနေတာလားဟင်''

နေဝန်းက သက်ပြင်းတစ်ချက်ကို ဟူးခနဲမှုတ်ထုတ်လိုက်ပြီး သူ့ကိုကြည့်လာသည်။

"ကိုယ်စိတ်မဆိုးပါဘူး...စိတ်မကောင်းတာ။ ဆောင်းကဟိုမှာ ပျိုမဒီကိုပဲ ကြည့်နေတော့ ကိုယ်ဝမ်းနည်းတယ်။ ကိုယ့်လိုမျိုးယောက်ျားတစ်ယောက်ကို ဆောင်းစိတ်ကုန်သွားမှာကြောက်တာ...''

ဆောင်းသူ့အားတွေတွေလေးငေးကြည့်မိပါသည်။ မိမိ၏ချစ်ရသူဟာ ထို့ကြောင့် ဝမ်းနည်းနေတာလား။

YOU,My Sun,My LoveDonde viven las historias. Descúbrelo ahora