အခန်း၂၀(Unicode+Zawgyi)

34 1 0
                                    

Unicode



စိုင်း မော်ကွန်းစာမေးပွဲဖြေသည့်ကျောင်းရှေ့မှာ ကားကိုအရိပ်ထဲထိုးပြီးစောင့်နေလိုက်သည်။ နာရီကိုကြည့်လိုက်တော့...အင်း ပြီးတော့မှာပဲ ။ မကြာခင်မှာပဲ ခေါင်းလောင်းသံကြားရကာ ကျောင်းသားတွေ အစုစုအလျှိုလျှိုထွက်လာကြသည်။ များစွာသော ကျောင်းသားတွေကြားထဲမှ စိုင်း မော်ကွန်းအား လိုက်ရှာနေမိသည်။

တွေ့ပါပြီ....ထိုကောင်လေးကို။ ကျောင်းဝန်းထဲမှ ထွက်လာသော မော်ကွန်းကဘေးဘီဝဲယာကိုကြည့်လိုက်ပြီး သူ့ကားကိုတွေ့သွားသည်ထင်...ကားဆီသို့ဦးတည်ကာ ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်လာလေသည်။ ဟိုနေ့ကစပြီး မော်ကွန်းသည်စိုင်းအပေါ်သို့ အတော့်ကိုအေးစက်သွားခဲ့သည်။ စာစစ်ချိန်များတွင်လည်း မေးထူးခေါ်ပြောအဆင့်သာရှိခဲ့ပြီး ယခုလိုစာမေးပွဲဖြေပြီးချိန်များတွင် ဖြေနိုင်ရဲ့လားဆို၊ ဖြေနိုင်ပါသည်တစ်ခွန်းပဲပြောတော့သည်။

အရင်ကမော်ကွန်းဆိုတာ သူတစ်ခွန်းပြောရင် အနောက်ကနေ ဆယ်ခွန်းလောက် ပေါက်ပေါက်ဖောက်နေတာလေ။ တကယ်ဆို ဒီနေ့ကစာမေးပွဲ နောက်ဆုံးရက်ဖြစ်၍ စိုင်း မော်ကွန်းအားဖွင့်ပြောဖို့ ကြိုးစားခဲ့သည်လေ...။သို့သော် ကားတံခါးဖွင့်ဝင်ကာ သူ့ဘေးမှာ ကျောက်ရုပ်လိုသာ ထိုင်နေသော ကောင်လေးကြောင့် စိုင်းစကားရှာမရတော့...။

" မော်ကွန်း...''

" အင်း...''

စိုင်း နည်းနည်းလေးမှကို ဘဝင်မကျလှပါ။ ပြီးတော့ ဘယ်ဘက်ရင်အုံနေရာမှ စူးခနဲခံစားချက်။ အရင်ကဆို ကိုယ်ခေါ်လိုက်ရင် ' ဗျာ...အန်ကယ်လေး' ဆိုပြီးပြုံးရွှင်သော မျက်နှာထားဖြင့် မော်ကွန်းက အခုတော့ ' အင်း' ပဲတဲ့လား...။

" ဖြေနိုင်လား''

" ဖြေနိုင်ပါတယ်...''

စိုင်းအစီအစဥ်မကျလှသော ရယ်သံတို့ကို အနည်းငယ်ဆောင်လိုက်ပါသည်။ ရင်ထဲမှာ နာကျင်နေတာကိုတော့ သူသိလေပါ့မလား...။

" ဒါနဲ့..ငါနဲ့မနေ့ညက အတူကြည့်တဲ့မေးခွန်းတွေပါလား''

" အင်း...ပါတယ်''

YOU,My Sun,My LoveWhere stories live. Discover now