အခန်း၂၈(Unicode+Zawgyi)

27 1 0
                                    

Unicode



အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်ခဲ့သောစိုင်းသည် မြူလင်းမောင်၏ ရင်ဘတ်ထဲက ပျိုးပင်ပေါက်လေးတစ်ခုဖြစ်ခဲ့ပါသည်။ စိုင်းကို မြူလင်းမောင် အရမ်းချစ်သည်။ မကြာမီမှာပဲ ကျောင်းပြီးဘွဲ့ရလျှင် နိုင်ငံခြားကိုသွားကာ အဖေ့မိတ်ဆွေတစ်ဦးဆီမှာ အလုပ်သင်ရမည်ဟူသော တစ်ချက်လွတ်အမိန့်ကကျလာခဲ့သည်။ သို့သော် မြူလင်းမောင်မှာငြင်းခွင့်မရှိ။

အဲဲဒီနေ့လေးက သူစိုင်းနဲ့စကားတွေအများကြီးပြောဖြစ်ခဲ့တဲ့ နေ့လေးပေါ့။မကြာခင်မှာ ခွဲရတော့မည် ဆိုသောအသိကြောင့် မြူလင်းမောင်တစ်ယောက် စိုင်းကိုသာ ရင်ဘတ်ထဲထည့်ပြီး သိမ်းထားချင်တော့သည်။ မျက်စိရှေ့မှ စိုင်းကိုကြည့်ပြီး အမြဲတမ်းအုံ့ပုန်းထားခဲ့ရတဲ့ သူ့ခံစားချက်တွေကို ဖွင့်ထုတ်ပြီး စိုင်းရဲ့နှုတ်ခမ်းလေးများအား အပိုင်သိမ်းမိသည်။

ရုတ်တရက် ကြောင်အစွာနဲ့ ရှောင်တိမ်းခွင့်မရလိုက်တဲ့ စိုင်းဟာ မြူလင်းမောင်သူ့နှုတ်ခမ်းလေးတွေကို ထိကပ်ပြီးပြန်ခွာချိန်မှာတော့ ငေးကြည့်နေရုံမှအပ။

" မင်းငါ့ကို ထိုးနိုင်ပါတယ်...စိုင်း''

စိုင်းနှုတ်ခမ်းဖျားလေးတွေက တုန်ယင်နေပါသော်လည်း မြူလင်းမောင်ကိုတော့ မထိုးခဲ့ပါ။ ပိုင်ဆိုင်ချင်မိလို့၊မင်းနှုတ်ခမ်းလေးတွေပေါ်မှာ ငါယစ်မူးချင်မိလို့ မင်းဆီက ငါခွင့်ပြုချက်မတောင်းပဲ ကျူးလွန်ခဲ့မိတာပါ စိုင်းရယ်...။ စိုင်း အချစ်ကိုမရရင်တောင် ပထမဆုံးအနမ်းလေးတော့သူရသွားချင်မိသည်။

"ဒါမင်းရဲ့ ပထမဆုံးအနမ်းလား စိုင်း''

မြူလင်းမောင်သည် ဒီတစ်ခေါက်လည်း ကံမကောင်းခဲ့ပါ။ စိုင်းကပြုံးရင်း ခေါင်းကိုဖြည်းဖြည်းချင်း ခါလိုက်ပါသည်။

" မင်းမှာချစ်ရမယ့်လူ မရှိသေးဘူးဆို စိုင်း''

" အင်း...မရှိသေးပါဘူး။ လူတစ်ယောက်ရဲ့ နှုတ်ခမ်းပေါ်ကို တခြားလူတစ်ယောက်ရဲ့နှုတ်ခမ်းထိကပ်လိုက်တာကို အနမ်းလို့ခေါ်မယ်ဆိုရင် ဒါငါ့ရဲ့ပထမဆုံး အနမ်းမဟုတ်ဘူး...မြူ''

YOU,My Sun,My LoveDonde viven las historias. Descúbrelo ahora