Unicode
စိုင်း မြူ့လက်ကိုဆွဲကာ ဆိုင်ထဲမှ ထွက်လာခဲ့လိုက်တော့သည်။တကယ်ပါပဲ...မော်ကွန်းရယ်...မင်းက...မင်းက ကောင်မလေးတစ်ယောက်ကြောင့် ငါ့အပေါ်စိမ်းကားသွားခဲ့တာပဲ။ အရင်က မင်းနဲ့တွေ့တိုင်း မင်းအနားမှာရှိတိုင်း အခုန်မြန်တတ်တဲ့ ငါ့နှလုံးသားက အခုတော့ မင်းနဲ့တွေ့တိုင်း နာကျင်ရတယ်။ မင်းဟာ ငါ့အပေါ်အရမ်းစိမ်းကားခဲ့ပြီ...။
သူ့ပုခုံးတစ်ဖက်ပေါ်သို့ ကျရောက်လာပါသော မြူ့ရဲ့လက်။
" စိုင်း''
စိုင်း ဝဲတက်နေပါသော မျက်ရည်စတို့အား မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဝေးလွှင့်စေလိုက်ပြီး...
" အင်း...''
" မင်းတစ်ခုခုဖြစ်နေတာလားဟင် စိုင်း''
"ဘာမှမဖြစ်ပါဘူးကွာ''
မြူလင်းမောင်က စိုင်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး...
"ငါက မင်းမျက်နှာကို အသေးစိတ်လိုက်ကြည့်နေတဲ့သူပါ စိုင်းရယ်။ မင်းမျက်နှာ တစ်ချက်ညှိုးသွားတိုင်း ငါကမသိပဲ နေစရာလား''
". . . "
စိုင်း မြူ့အားမျက်လုံးချင်းပင် မဆုံစေတော့ပဲ ကားနောက်ခုံကိုသာ မှီချလိုက်ပါတော့သည်။ မြူသာသိရင် သူ့ကို ဝဋ်လည်သူဟု သတ်မှတ်လေမလား? ဟင့်အင်း...စိုင်းရဲ့ကံကြမ္မာ၊စိုင်းရဲ့အချစ်ကိုက ဒီလိုမျိုးပဲလေ။ မြူ့ဆီကနေ 'ငါမင်းကိုချစ်တယ် စိုင်း' ဆိုတဲ့စကားကြားတုန်းက သူဘယ်တုန်းကမှ မြူ့ရဲ့စိတ်ကို လှောင်ရယ်စရာ၊ပြက်ရယ်ပြုစရာလို့ မတွေးခဲ့ဖူးဘူး။ မြူ့ရဲ့ခံစားချက်ကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်သည့်တိုင် အားပေးနှစ်သိမ့်ပေးစမြဲ...။ အခု စိုင်းကတော့...။
" ညီလေး မော်ကွန်းကြောင့်လား စိုင်း''
မြူလင်းမောင်၏ အမေးကြောင့်စိုင်းမှာ ရုတ်တရက်ဖြေစရာ မရှိအောင် ဆွံ့အသွားရပေမယ့်လည်း သူ့စိတ်ကို မပေါ်စေရန် အတတ်နိုင်ဆုံး ထိန်းလိုက်ကာ...
" ဟုတ်တယ် မြူ။အဲ့ဒီကလေးက အခု ငါတို့တွေ့သွားပေလို့ပေါ့။ မဟုတ်ရင် ဒီအရွယ်ကို ကောင်မလေးနဲ့ နှစ်ယောက်ထဲ ဘယ်လိုတွေ သွားနေမလဲ? အိမ်ကိုဖုံးကွယ်ပြီး ရည်းစားနဲ့အပြင်မှာ နှစ်ယောက်ထဲတွေ့တာကို သူ့မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ငါ၊သူ့ဦးလေးတစ်ယောက်ဖြစ်တဲ့ငါက လုံးဝသဘောမကျဘူး''
YOU ARE READING
YOU,My Sun,My Love