အခန်း၅(Unicode+Zawgyi)

187 20 0
                                    

Unicode

အချိန်ကြာလာသည်နှင့်အမျှ ဆောင်းမင်းည အပေါ်ထားရှိနေမိတဲ့ သူ့ခံစားချက်တို့ မှန်ကန်နေပြီဟု နေဝန်းထင်မိပါသည်။သူ့အရွယ်က စိတ်ကစားတဲ့အရွယ်မို့ဆောင်းမင်းညကို သူစိတ်ကစားမိတာမဟုတ်။ဘယ်မိန်းကလေးဘယ်ယောက်ျားလေးကိုမှ စိတ်မဝင်စားဖူးခဲ့သည့်နေဝန်းက ဆောင်းမင်းညကိုသာ ရင်ခုန်မိသည်။

အနေနီးလို့ စိတ်ယိုင်တယ်လို့ပြောရအောင်လည်း တစ်ခါတလေ တခြားကောင်တွေအိမ်တောင်သူသွားအိပ်နေတာပဲ။ဘယ်သူ့ကိုမှ ထိုသို့မတွေးမိခဲ့။ဆောင်းမင်းညတစ်ယောက်ထဲဖြင့် သူ့နှလုံးခုန်သံတို့မြန်ဆန်ခဲ့ရသည်။

ထိုကောင်လေးမျက်နှာကို ခဏခဏခိုးခိုးကြည့်ရင်း သူ့မှာရေငတ်ခဲ့သည့် အချိန်ပေါင်းမနည်းတော့...။အချစ်ဆိုတာလည်း အဆန်းသားရယ်။ ဒီလိုမျိုး ယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့သူဘယ်တုန်းကမှ မထင်ထားခဲ့။

သို့သော်ထိုအချစ်ကတော့ သူ့ရင်ထဲမှာ ဘယ်လိုမှ ဖြတ်မရနိုင်အောင် အမြစ်တွယ်နေလေပြီ။ပထမဆုံးအချစ်မို့ မပိုင်ဆိုင်နိုင်ဘူးလို့မတွေးချင်ပဲ အရယူချင်မိသည်။နေဝန်း ဆောင်းမင်းညကို ဟိုးနှလုံးသားအနက်ရှိုင်းဆုံးကနေနင့်နင့်သည်းသည်း ချစ်မိနေတာသေချာလာသည်။

ပြတင်းပေါက်တစ်ဖက်ကိုကြည့်နေရင်း အတွေးတွေကိုသက်ပြင်းချမိသည်။ဆောင်းမင်းညသိရင်ရော သူ့ကိုမုန်းသွားမှာလား။ဆောင်းမင်းညက မိန်းကလေးရှုံးအောင်လှတာပေမယ့် လုံးဝယောက်ျားစစ်စစ်။ထိုကဲ့သို့ ယောက်ျားစစ်စစ်ကို နေဝန်းလိုမျိုး ယောက်ျားစစ်စစ်က ချစ်သည်ဟုဆိုလျှင် ဆောင်းမင်းည သူ့ကိုမုန်းသွားလေမလား။ဆက်စပ်ပြီးသွားသော အတွေးတွေက လူကိုဝမ်းနည်းစေသည်။သက်ပြင်းနောက်တစ်ကြိမ်ချမိပြီး ခေါင်းပေါ်ကဆံပင်တွေကို ထိုးဖွနေတုန်း အောက်ကအမေ့ခေါ်သံကိုကြားရသည်။

"သားရေ...ဒီမှာ ဆောင်းမင်းညနဲ့တွေ့ချင်လို့တဲ့''

သူအပေါ်ထပ်ပြတင်းပေါက်မှ ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်...။ထိုကောင်မလေးက ဘီခန်းကသူတစ်ဦး။ ဆောင်းမင်းညဆီကို ဘာကိစ္စရှိလို့ လာတာမှန်းမသိပါ။ရင်ထဲမှာတော့ အလိုမကျခြင်းများစွာဖြင့်။ ဆောင်းမင်းညကို ဒီကျောင်းမှာသူကလွဲပြီး ဘယ်သူနဲ့မှရင်းရင်းနှီးနှီး မဖြစ်စေချင်တာ ချစ်ခဲ့မိတဲ့သူ့ရဲ့အတ္တသေးသေးလေးပါ။

YOU,My Sun,My LoveOnde histórias criam vida. Descubra agora