Unicode
နင့်သည်းအောင် ချစ်မိသောသူတို့သည် တချို့ကတော့ ချစ်သောသူနှင့် ပျော်ရွှင်စွာ ပေါင်းဖက်ရလေပေမယ့် တချို့မှာတော့ အချစ်ကို ဆုံးရှုံးရကာ ဗီလိန်ဖြစ်သွားကြရသည်။အချစ်အတွက် ဘာတွေကြိုးပမ်းရမှန်း သူမ မသိ။သို့သော်သူမကတော့အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူမအတွက်တော့ဒုတိယ အချက်သာ...။သို့သော် သူမအတွက် ဗီလိန်တစ်ယောက်ဖြစ်လျှင်လည်း မတတ်နိုင်။ သူမအနေနှင့် ရင်ဘတ်ထဲသို့ စူးနင့်စွာ ဝင်ရောက်လာသော အချစ်တစ်ခုကို ဘယ်လိုနည်းနှင့်မှ ပြန်မဆွဲထုတ်နိုင်။
မျက်ရည်တို့ကျကာ နေပူစပ်ခါးထဲ လျှောက်နေသည်ဖြစ်၍ တစ်ချက်မော့အကြည့် နေ၏အလင်းရောင်စူးစူးက မျက်စိထဲကျိန်းလာကာ လူကမိုက်ခနဲ ဖြစ်မိသဖြင့် လမ်းပေါ်သို့ ခြေနှစ်ချောင်း ကွေးညွှတ်ကျသွားသည်။ သူမဘေးတစ်လျှောက် ဖြာကျနေသော နေရောင်ကို အငြိုးကြီးစွာကြည့်ပြီးတစ်ဆက်ထဲခေါင်းထဲ ပေါ်လာသည့်သူ၏ နာမည်ကို ရေရွတ်ကာ...
"ငါနင့်ကို အရမ်းမုန်းတယ်...နေဝန်းနီ ။ တစ်သက်လုံးမုန်းနေမှာပဲ...။ ငါအရမ်းချစ်တဲ့သူကို နင်လုယူသွားတဲ့ အတွက် နင်ပြန်ပေးဆပ်ရမယ်...ငါဆိုတဲ့ ယမင်းမေ ကဖြစ်အောင်လုပ်တတ်တယ်ဆိုတာ နင်သိစေရမယ်''
သူမ ကြုံးဝါးရင်း ပူလောင်ခြောက်ကပ်နေသော ကတ္တရာလမ်းမပေါ်သို့ မျက်ရည်စက်များသာ လက်ဆောင်အဖြစ် ပေးမိပါသည်။ ဆောင်းမင်းညဆိုသောလူသားကို သူမစစမြင်ချင်းကတည်းကနေ အခုထိအောင် အသဲခိုက်အောင် ချစ်ရပါသည်။ ရုပ်ကလည်းကလည်းလှက စိတ်ထားလည်း ကောင်းသော သူမချစ်တဲ့သူ ဆောင်းမင်းညဟာ straight စစ်စစ်တစ်ယောက်ဖြစ်ကြောင်း သူမသိပါသည်။ နေဝန်းနီ ကြောင့်သာ....။
သူမက fujoushi တစ်ယောက် မဟုတ်သော်ငြား သူငယ်ချင်းတွေ၏ ပြောပြချက်များကြောင့် LGBT ဆိုတာကိုနားလည်သည်။ဆောင်းမင်းညနှင့် နေဝန်းနီ တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသောမျက်ဝန်းများကြောင့် သူတို့ပက်သက်မှုကို ယမင်းမေနားလည်လိုက်သည်။ သူတို့ကြည်နူးနေသော မြင်ကွင်းများကို မြင်နေရခြင်းက သူမရင်ကို အစိတ်စိတ်အမြွှာမြွှာ ဓားနှင့်မွှန်းနေသလို..။
ESTÁS LEYENDO
YOU,My Sun,My Love