အခန်း၁၇(Unicode+Zawgyi)

77 6 0
                                    

Unicode

စိုင်းဟိုဘက်လှည့်ကာ ထမင်းပန်းကန်ထဲ ဟင်းတွေထည့်နေတုန်း မော်ကွန်းပြုံးလိုက်တာကိုတော့ မမြင်မိ။

" ရော့...စားလို့ရပြီ။ နောက်တစ်ခါ လူကြီးတွေထမင်းစားဖို့လာခေါ်ရင် မစားဘဲမနေနဲ့၊လူကြီးတွေစိတ်ပူတယ်''

" အန်ကယ်လေးက စိတ်ပူလို့လား?''

မော်ကွန်းအမေးကြောင့် စိုင်းတစ်ချက်ဆွံ့အသွားပြီးမှ...

" အဟမ်း...ပူတာပေါ့။ မင်းက ငါ့အစ်မသားပဲ''

မော်ကွန်းက နှုတ်ခမ်းတစ်ဖက်ကို တွန့်ချိုးပြုံးလိုက်လေသည်။ ထို့နောက်...

" သားကိုခွံ့ကျွေးပါလားဟင် အန်ကယ်လေး''

" မင်းကိုယ့်ဟာကိုယ် မစားတတ်ဘူးလား''

" ခုဏကတောင် ကျွန်တော့်ကိုခေါင်းသုတ်ပေးသေးတယ်လေဗျာ...''

" အဲ့ဒါတော့ အဲဒါပေါ့...ဒါကတော့...''

မော်ကွန်းက မျက်နှာကိုညှိုးချလိုက်ပြီး တစ်ဖက်ခြမ်းကိုလှည့်လိုက်သည်။

" ကျွန်တော်မစားတော့ဘူး။ စားချင်စိတ်ကုန်သွားပြီ''

စိုင်းသက်ပြင်းသာချမိသည်။ ဒီကောင်လေး တကယ်ကိုမလွယ်ပါလား။စိုင်းကို မလုပ်လုပ်အောင်ဂျစ်တိုက်နေတာ။လုံးဝကိုငယ်ငယ်က အကျင့်လေးတွေမပျောက်သေးဘူးပဲ...။

" ခွံ့မယ်...လာခဲ့''

မော်ကွန်းပြုံးသွားပြီး စိုင်းဘက်သို့တစ်ဖန်ပြန်လှည့်လာခဲ့လေသည်။ စိုင်းသူ့ထမင်းပန်းကန်ကိုယူတော့...

" မဟုတ်ဘူး။သားက အန်ကယ်လေး ပန်းကန်ထဲက ထမင်းစားချင်တာ...''

" ဟင်...အဲ့ဒါဆို ငါကဘာနဲ့သွားစားရမှာလဲ?''

" အဲ့ဒီပန်းကန်ကို အတူတူစားမယ်။ ပြီးရင် ဒီဘက်ထဲက ထမင်းထပ်ယူမယ်လေ''

စိုင်း မော်ကွန်းကိုကြည့်ကာ ခေါင်းသာတဆတ်ဆတ်ညိတ်ပြလိုက်တော့သည်။ မဟုတ်ရင် အရစ်ခံရမှာလေ...။ဒီလောက်လေးလုပ်ပေးတာ ပြီးတော့ဘာမှဖြစ်သွားမှာမှမဟုတ်တာ...။စိုင်း မော်ကွန်းနားမှာရှိနေတဲ့ဒီအခိုက်အတန့်ရင်တွေလည်း မသိမသာခုန်နေမိသည်။တကယ်တော့ မြန်ဆန်နေသောနှလုံးသားအား မနည်းထိန်းကွပ်ထားရခြင်း...။

YOU,My Sun,My LoveTahanan ng mga kuwento. Tumuklas ngayon