အခန်း၃၅(Unicode+Zawgyi)

38 1 0
                                    

Unicode


''အဆင်ရောပြေပါ့မလားမသိဘူးကိုရေ...ကလေးကမေ့ကို နားလည်လောက်မှာပါနော်''

စိုးရိမ်ရိပ်စွက်နေသော ဒေါ်မေခတ္တာရဲ့လက်တစ်ဖက်အား ဦးရဲသွေးကခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။

''ပြေမှာပါမေရယ်။ကိုယ်စုံစမ်းထားရသလောက်တော့ ဆောင်းမင်းညကအရမ်းလိမ္မာတဲ့ကလေး...။ပြီးတော့ အခုသူ့ကိုစောင့်ရှောက်ထားတဲ့အိမ်ကလင်မယားနှစ်ယောက်ကလည်း အေးအေးချမ်းချမ်းနဲ့ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေပဲ။သူတို့ရဲ့သားနေဝန်းနီဆိုတဲ့ကောင်လေးကလည်း မေ့တူလေးကိုအရမ်းဂရုစိုက်တယ်တဲ့''

သူမရဲ့တူလေး လူကောင်းတွေနဲ့တွေ့နေလို့တော်သေးသည်။မဟုတ်ရင် အမေကလည်းမရှိတော့၊အဖေကလည်းပစ်သွားသည့်အခြေအနေတွင် အားကိုးရာများရှိပါ့မလား။

''သား...မင်းလည်းဆောင်းမင်းညနဲ့တွေ့ရင်အဆင်ပြေအောင်နေနော်''

ဦးရဲသွေးက နောက်ခန်းမှမော်ကွန်းကိုလှည့်ပြောတော့ မော်ကွန်းကလည်းပြုံးကာ...

''နေမှာပေါ့ဒယ်ဒီကလည်း။ဘာလဲ သားကမြန်မာကားတွေထဲကလိုမျိုး ငါနဲ့တန်းတူလူတစ်ယောက်ရောက်လာပြီဆိုပြီးဒေါသထွက်ရမှာလား''

မော်ကွန်းစကားကြောင့် ကားမောင်းနေသော ဦးရဲသွေးအပြင် ဘေးကဒေါ်မေခတ္တာကပါ ရယ်လာခဲ့သည်။ငယ်ငယ်ထဲကအခုလိုစကားတတ်လွန်းသည့်မော်ကွန်းလေးအား ချစ်ခဲ့ကြသည်မဟုတ်လား။

''သြော်...ဒါနဲ့ကိုယ်ပြောရဦးမယ်။စိုင်းကလည်း ဟိုမှာအဆင်ပြေနေတယ်တဲ့။သူ့သူငယ်ချင်းမြူလင်းမောင်နဲ့လည်းတော်တော်အတွဲညီတယ်ပြောရမယ်...နှစ်ယောက်တွေ့မှလုပ်ငန်းတွေပိုသွက်လာတယ်''

စိုင်းအကြောင်းကြားမိတာနဲ့ မော်ကွန်းမျက်နှာကရုတ်တရက်တော့ဖြူလျော့သွားပေမယ့် ပြန်လည်ပြုံးမိသည်။ဒေါ်မေခတ္တာလည်းသတိထားမိတာကြောင့် အကြောင်းမသိသောခင်ပွန်းဖြစ်သူအား...

''အကိုကလည်း ဘာကိုအတွဲညီတာလဲ။စိုင်းတို့ကရိုးရိုးသားသားခင်တာ''

''အယ်...မေကလည်း။မြူလင်းမောင်ကဖွင့်ပြောထားတဲ့သူပဲကို။ဘယ်လိုလုပ်ရိုးရိုးသားသား''

YOU,My Sun,My LoveTahanan ng mga kuwento. Tumuklas ngayon