Part ~ 4

18.4K 2K 53
                                    

zawgyi

ဂျွန်ဂျောင်ကု စူးရဲစွာနှင့် Omegaကို စိုက်ကြည့်မိသည် ။
သူ့ကိုတွေ့၍ အံ့အားသင့်သွားဟန်တူသော Omegaက အမှန်တကယ်ပင် သူ့ကို မှတ်မိဟန်မတူ ။

" အားနာပေမယ့်.. ဘယ်သူလဲ မသိဘူး.. အဲ့ဒီ့ဘက်က ကျွန်တော်နဲ့ သိတာလား.. ကျွန်တော်က ဆေးရုံတက်ရပြီး နောက်ပိုင်း တစ်ချို့အကြောင်းအရာတွေကို မမှတ်မိတော့လို့ပါ..."

ထယ်ယောင်းအနေနှင့် ထိုသူကို လုံးဝမသိတာမို့ မမှတ်မိဘူးဆိုသည့် အကြောင်းပြချက်ကိုသာ သုံးလိုက်ရသည် ။

" ဟက်.. မမှတ်မိဘူး??.. မင်းက ငါ့ကို မမှတ်မိဘူး??.. "

ထယ်ယောင်းရှိရာဆီ တစ်လှမ်းချင်း တိုးကပ်လာပါသည့် ထိုသူ ။
မသိစိတ်က အနည်းငယ် တုန်လှုပ်သွားရသည်ဖြစ်၍ ထယ်ယောင်း အနောက်သို့ ဆုတ်မိလျှင် ထိုသူက ထယ်ယောင်း ခါးသွယ်သွယ်ကို ဆွဲယူပြီး သူနှင့်နီးရာ တိုးကပ်လိုက်သည်မို့ မျက်ဝန်းအစုံ ပြူးကျယ်သွားရသည် ။

" ငါတို့ ခန္ဓာကိုယ်ချင်း နှီးနှောခဲ့တာက အကြိမ်ရေ ရေမတွက်နိုင်တာတောင် ငါ့ကို တကယ် မမှတ်မိဘူးလား.. "

ထယ်ယောင်း နားဖျားထံ တိုးကပ်၍ ဆိုလာပါသော သူ၏ ၀င်လေထွက်လေကို ခံစားမိလိုက်လျှင် ထယ်ယောင်း ကြက်သီးမွှေးညှင်း ထသွားရပြီး တွန်းထုတ်မိလိုက်သည် ။

" ကင်မ်ထယ်ယောင်း!... တွန်းထုတ်တယ်!?.. မင်းက ငါ့ကို တွန်းထုတ်တယ်!?..  "

သူ့၏ ဒေါသထွက်သလို အကြည့်စူးစူးကြောင့် ထယ်ယောင်း မည်သို့ တုံ့ပြန်ရမည်မသိ ။

တကယ်ပဲ.. ဒီကမ္ဘာက ကင်မ်ထယ်ယောင်းနဲ့ ထိုသူက ဘယ်လို ပတ်သက်နေတာလဲ??..

" ကျွန်တော်.. ပြောထားပြီးသားပဲလေ.. ကျွန်တော် တစ်ချို့ အကြောင်းအရာတွေကို မမှတ်မိတော့ပါဘူးလို့.. အဲ့ထဲမှာ.. အဲ့ဒီဘက်ကိုလည်း ပါပါတယ်.. တောင်းပန်ပါတယ်.. ကျွန်တော် မမှတ်မိတဲ့အတွက်.. "

ယောင်အအဟန်လေးနှင့် ရှင်းပြလာပါသော Omegaကြောင့် ဂျွန်ဂျောင်ကု၏ ဒေါသက ငြိမ်းကျသွားရသည် ။

Omegaက မလိမ်ညာတတ်တာ သူ အသိဆုံး ။
သူ့မျက်စိရှေ့က Omegaက ဂျွန်ဂျောင်ကုကို တကယ် မမှတ်မိတာ ဖြစ်သည် ။

Welcome to Omegaverse (Complete)Where stories live. Discover now