Part ~ 21

16.4K 1.8K 56
                                    

zawgyi

" တောက်! .. အသုံးကို မကျဘူး!.. ငါ မင်းတို့ကို သူ့ကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားတာလေ!.."

အခန်းထဲက အလုပ်စားပွဲ၌ ထိုင်နေသည့် ဂျွန်ဂျောင်ကု ။

" ဂျွန်သခင်ကြီးရဲ့ လူအင်အားက ကျွန်တော်တို့ထက် များနေတာမို့ မတတ်နိုင်ခဲ့ပါဘူး.. တောင်းပန်ပါတယ် ဂျွန်သခင်လေး... "

ဂျောင်ကုဆီ ဖုန်းဝင်လာပါသည့် လက်အောက်ငယ်သား၏ စကားကြောင့် ဂျောင်ကု၏ ဒေါသတရား pheromoneများက ပြင်းထန်လာရသည် ။

ကိစ္စတစ်ခုက မပြီးပြတ်သေးဘူး ။
နောက်တစ်ခုက ပေါ်လာပြန်ပြီ ။

တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေသည့် ဂျွန်ဂျောင်ကု ။

အဖေဆိုသူ Omegaကို ခေါ်သွားတယ် ဆိုတာက ဂျောင်ကုနှင့် အပေးအယူ လုပ်ချင်သည့် ရည်ရွည်ချက် ထင်ရှားနေတာမို့ ဂျောင်ကု၏ မျက်ဆံက နီညိုရောင် သန်းသွားခဲ့လျက် ဂျွန်အိမ်တော်ဆီသို့သာ ဦးတည်ထွက်လာခဲ့လိုက်သည် ။
.
.
.

အနက်ရောင် ၀တ်စုံပြည့်လူများ၏ ခေါ်ဆောင်မှုနှင့်အတူ ခမ်းနားလွန်းသည့် စံအိမ်ကြီးထဲ ရောက်ရှိလာခဲ့ရသည့် ထယ်ယောင်း ။

ဧည့်ခန်းထဲက ဆိုဖာထက်၌လည်း မထိုင်ဝံ့ဘဲ အိမ်အတွင်းကို အကဲခတ်နေစဉ် ကြောင်လိမ်လှေကားမှတဆင့် ဆင်းလာသော သက်လတ်ပိုင်းအရွယ် လူတစ်ဦး ။

စူးရှရှအနံ့က ပြင်းထန်လှသည်မို့ ထယ်ယောင်း အားအင်အနည်းငယ် ဆုတ်ယုတ်ချင်သွားရသည် ။

" Hi... ဒါနဲ့ဆို ငါတို့တွေ့တာ နှစ်ကြိမ်မြှောက်ပဲ Omegaကောင်လေး.."

ခန့်ညားလှသည့် ဥပဓိရုပ်နှင့် ဂျွန်သခင်ကြီးက ဂျွန်သခင်လေးနှင့် ရုပ်ရည်မဆင်ပေ ။

ဂျွန်သခင်ကြီးက ဆိုဖာထက်မှာ ကျကျနန ၀င်ထိုင်ရင်း ခြေကလိမ်ချိတ်ထိုင်ကာ ထယ်ယောင်းကို ပြုံးစစကြည့်လာသည် ။

" အဲ့ဒီ့တုန်းတည်းက မင်းနဲ့အပေးအယူ လုပ်ခဲ့တာလေ.. ငါ မှတ်မိသလောက်တော့ မင်းကလည်း ငါ့သားအနားကနေ ထွက်သွားချင်တယ်.. ငါကလည်း ယွန်းအိမ်တော်နဲ့ စီးပွားရေးအရရော ပုဂ္ဂိုလ်ရေးအရရော သားသမီးလမ်းကြောင်းချင်တယ်.. ငါတို့အဆင်ပြေခဲ့တာပဲ.. မင်းအတွက် ငါက နိုင်ငံကူးလက်မှတ်နဲ့ ဂျပန်သွားဖို့ လေယာဉ်လက်မှတ်တောင် စီစဉ်ပေးခဲ့တာကို.. ဒါပေမယ့် မင်းက သေကြောင်းကြံစည်ခဲ့တယ်??.. ဘာလို့လဲ??.. ငါ တော်တော်လေးကို ပဟေဋိ ဖြစ်သွားရတာ.."

Welcome to Omegaverse (Complete)Where stories live. Discover now