Part ~ 6

18.3K 1.9K 33
                                    

zawgyi

" ဒါနဲ့.. ကျွန်တော် ဘယ်အခန်းမှာ နေရမှာလဲ... ဂျွန်သခင်လေး.. "

" ဒီအခန်းမှာပဲနေ... "

" ဗျာ??.. အာ.. ဒီအခန်းက အရမ်းကို ကောင်းလွန်းမနေဘူးလား..."

ထယ်ယောင်း ခမ်းနားလွန်းလှပါသည့် အိပ်ခန်းကျယ်ကြီးထဲကို ဝေ့၀ဲကြည့်မိသွားရရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ဆိုလိုက်လျှင် ဂျွန်သခင်လေးက မျက်မှောင်တွန့်ချိုးပြီး ကြည့်လာသည် ။

" ငါ့အိမ်က အခန်းတွေအကုန် ဒီလို ကောင်းတာတွေချည်းပဲ... "

" အာ... ဟုတ်..."

စကားသံတိတ်ဆိတ်သွားသည့် သူတို့နှစ်ယောက်ကြား ။

ဂျွန်ဂျောင်ကုက ၀ီစကီကို အေးအေးလူလူ ထိုင်သောက်နေသလို ထယ်ယောင်းကတော့ သူ့အရှေ့မှာ ခြေစုံလေးရပ်လျက်ရှိနေပြီး အနေခက်လာသလို အောက်နှုတ်ခမ်းပါးလေး ဖိကိုက်မိသည် ။

" နေချင်သလိုနေ... "

ဂျောင်ကု မပြောမချင်း တုတ်တုတ်လှုပ်မည်ဟန် မရှိသော Omega ။
ချိုအီအီ မွှေးရနံ့နှင့်အတူ ဂျောင်ကုထံ ကြည့်လာပါသော မျက်ရစ်တစ်ဖက်သာရှိသည့် မျက်ဝန်းအိမ်ကျယ် ။

ဂျောင်ကု ဆိုဖာမှ ထရပ်လိုက်ကာ အခန်းကျယ်ထဲကနေ ကျောခိုင်းထွက်ခဲ့လိုက်စဉ် ~

" ဂျွန်သခင်လေး... "

Omega၏ အသံပြုမှုကြောင့် ဂျောင်ကု ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားလျက် အနေအထားဖြင့် စောင်းငဲ့ကြည့်လိုက်သည် ။

" ကျွန်တော့်အပေါ် ကောင်းပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်.. ပြီးတော့ ကောင်းသောညလေး ဖြစ်ပါစေ... "

ဦးညွှတ်နှုတ်ဆက်လာပါသော လေးထောင့်ဆန်ဆန် အပြုံးလှလှလေးနှင့် Omega ။

ဂျောင်ကု စိတ်ထဲတစ်မျိုးတစ်မည် ဖြစ်သွားရသည့် ခံစားချက်ကို အဖြေမထုတ်တတ်စွာ လှည့်ထွက်ခဲ့လိုက်သည် ။

အတိတ်နေ့ရက်ဆီတုန်းက Omegaနှင့် အတူတူ နေပြီးသွားတိုင်း အင်္ကျီပြန်ဝတ်ကာ မိမိအခန်းဆီသို့သာ ပြန်အိပ်လေ့ရှိသည့်သူ့ကို Omegaက လေသံတိုးလျလျနှင့် ဆိုဖူးသည် ။

Welcome to Omegaverse (Complete)Where stories live. Discover now