Another Kim Taehyung

19.7K 1.7K 126
                                    

zawgyi

အိုဟောင်းနေသည့် လေးထပ်တိုက် တိုက်ခန်းအိမ်ရာ၏ လေးလွှာရှိ အခန်းတစ်ခုအတွင်း ကျောပိုးအိတ်လေးလွယ်ကာ အခန်းပြင်ထွက်လာပါသည့် ဆံနွယ်ကောက်ကောက်လေးနှင့် ကောင်လေးတစ်ယောက် ။

အိမ့်သော့ကို ခတ်ပြီးနောက် တံခါးဝဘေးက ပန်းအိုးအောက်ခြေ၌ ထည့်လိုက်သည် ။

ပျက်နေပါသည့် ဓာတ်လှေကားကြောင့် အရေးပေါ်လှေကားကနေပဲ ဆင်းလာခဲ့ရသည့် သူ ။

Bus car မှတ်တိုင်အရှေ့သို့ရောက်လျှင် ကားကို ခဏကြာရပ်စောင့်ရသေးသည် ။

ကားဆိုက်လာမှ Bus car၏ အနောက်ဆုံးခုံတန်းတွင် ၀င်ထိုင်လိုက်ကာ နားကြပ်ကို နားလေးထဲထည့်ရင်း သီချင်းကို နားထောင်မိသည် ။

သူ့နာမည်က ကင်မ်ထယ်ယောင်းလို့ ပြောတာပဲ..။

လွန်ခဲ့တဲ့ ၃လလောက်ကမှ ကိုမာဝင်နေရာကနေ နိုးထလာခဲ့တာ ။
ပြင်းထန်လွန်းသည့် ကားအက်ဆီးဒင့်ကြောင့် ဦးခေါင်းကို ထိခိုက်သွားခဲ့သည့်သူက ဆေးရုံ၌ ၁နှစ်ကျော် ကိုမာဝင်ခဲ့ပြီး ပြန်သတိရလာတော့လည်း မည်သည့်အကြောင်းအရာကိုမျှ မမှတ်မိတော့ချေ ။

သူ့ဦးခေါင်းထဲမှာ ဗလာသက်သက်သာ ရှိနေပြီး ဘာကိုမှ စဉ်းစားလို့မရ ။
သူဆေးရုံတက်စဉ် တစ်လျှောက်လုံး ပြုစုစောင့်ရှောက်ပေးခဲ့သည့် ကောင်မလေးက ဂျောင်ဟယ်ရာတဲ့..။
သူနဲ့ ချစ်သူရည်းစား ဆက်ဆံရေးလို့ ပြောပေမယ့် သူ သေချာသိတာကတော့ သူ့နှလုံးသားက အဲ့ဒီ့မိန်းကလေးအပေါ် ဘယ်လိုမှ မနေဘူး ။

အချစ်မဟုတ်မှန်း ကွဲပြားစွာ သိနေသည့် သူ့စိတ်အစဉ်ကြောင့် ထိုမိန်းကလေးကို အကျိုးအကြောင်းရှင်းရှင်းပင် ပြောပြလိုက်လျှင် သူမက သူနဲ့လမ်းခွဲပေးပြီး သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးအဖြစ်သာ ဆက်ရှိပေးသည် ။

ထိုမိန်းကလေးကတော့ ကျောင်းပြီးသွားပြီဖြစ်ပြီး ဆေးရုံမှာ ၁နှစ်ကျော် လဲလျောင်းခဲ့ရသည့် သူကတော့ နောက်ဆုံးနှစ်ကို ဒီနှစ်မှ ပြန်တက်ရသည် ။

တက္ကသိုလ်ကျောင်းနားက မှတ်တိုင်သို့ရောက်လျှင် သူ Bus carပေါ်မှ ဆင်းကာ ကျောင်းဂိတ်ဝဆီမှတဆင့် ကျောင်းဝင်းထဲ လျှောက်လမ်းလာခဲ့သည် ။

Welcome to Omegaverse (Complete)Where stories live. Discover now