Part ~ 29

15.8K 1.7K 62
                                    

zawgyi

အိမ်ရှေ့က ကွပ်ပျစ်ထက်၌ပင် ငြိမ်သက်စွာ ထိုင်နေမိကြသည့် ဂျွန်ဂျောင်ကုနှင့် အမေဆိုသူအမျိုးသမီး ။

ကင်မ်ထယ်ယောင်းကတော့ အိမ်ဝင်းအပြင်လေးမှာ ကလေးများနှင့်အတူ ဆော့ကစားကာ အဖော်ပြုပေးနေသည် ။

" အဆင်ပြေတယ်မလား..."

အမေ့ဆီမှ အရင်ထွက်ကျလာသည့် စကားတစ်ခွန်း ။

" အဟင်း.. အဲ့လို မေးတာက နည်းနည်းတော့ မျက်နှာပြောင်တိုက်တာမှန်း အမေ သိပေမယ့်.."

" အဆင်မပြေခဲ့ဘူး..."

အမေနှင့်ပြန်တွေ့တာက ဂျောင်ကုအတွက် သိပ်ပြီးအထူးအဆန်းလို မခံစားရ ။
ဒီအတိုင်း သမာရိုးကျ တွေ့ဆုံမှုလိုမျိုးပဲ ။

" အိပ်မက်ဆိုးမက်တယ်.. ညတိုင်း.. အမေက အလိမ်ညာစကားနဲ့ ကျွန်တော့်ကို ထားသွားတဲ့ အိပ်မက်.."

" တောင်းပန်ပါတယ်ဆိုတဲ့ စကားအပြင် ပြောစရာမရှိဘူးပဲ.. "

" အခုတော့ အဆင်ပြေသွားပါပြီ..."

" အာ... "

ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည့် စကားဝိုင်း ။

" ဘာလို့ ကျွန်တော့်ကို ထားသွားခဲ့တာလဲ..."

အတန်ကြာမှ ဂျောင်ကုဘက်ကနေ အမေးထုတ်လိုခဲ့သည့် စကားတစ်ခွန်းကို မေးလိုက်သည် ။

" အမေ့မှာ ဘေးကျပ်နံကျပ် အချိန်တွေ ရှိခဲ့တယ်... သားရဲ့အဖေဘေးမှာ အမေ လုံးဝမနေနိုင်တော့ဘူး.. သားက True Blood Alphaမျိုးဆက်မို့ အမေ ခေါ်သွားလို့ မရခဲ့ဘူးဆိုတာ သိနှင့်တယ်.. အမေ သူ့ဆီကနေ လွှတ်မြှောက်ချင်တာ တစ်ခုတည်းနဲ့.. ပျော်ရွှင်မှုကို ပြန်လိုချင်တာ တစ်ခုတည်းနဲ့.. အဟင်း.. သားကိုထားပြီး လွှတ်မြှောက်ရမယ့်လမ်းကို ရွေးချယ်ခဲ့မိတယ်.."

" အခုရော.. ပျော်နေလား.."

ဂျောင်ကု၏အမေးကြောင့် အမေက ပြုံးကာ လှမ်းမြင်နေရသည့် အိမ်ဝင်းအပြင်ဘက်က ကင်မ်ထယ်ယောင်းကို မေးလေးဆတ်ပြသည် ။

" သားရဲ့ကောင်လေး မလား..."

" အင်း..."

" သူနဲ့သား အတူတူရှိရင် ပျော်တယ်မလား..."

Welcome to Omegaverse (Complete)Where stories live. Discover now