Part ~ 27

16.6K 1.7K 60
                                    

zawgyi

ဂေဟာမှူးနှင့် စကားအနည်းငယ် ဖောင်ဖွဲ့ပြီးနောက် ရုံးခန်းထဲကနေ ပြန်ထွက်လာခဲ့သည့် ထယ်ယောင်း ။

ဘိုဂမ်နဲ့သူက သိတဲ့ဆက်ဆံရေးဆိုရင် ဘိုဂမ်က သူ့ကို ဘာလို့ အခုမှစရင်းနှီးသလိုမျိုးနဲ့ ဆက်ဆံခဲ့တာလဲ??..

ထယ်ယောင်းကို မမှတ်မိလို့ ဆိုတာမျိုးတော့ မဖြစ်နိုင်တဲ့ဟာ..။

ထယ်ယောင်း မတွေးတတ်စွာ စိတ်ရှုပ်ရှုပ်နှင့် ခေါင်းယမ်းရှင်းထုတ်လိုက်သည် ။

ဂေဟာအတွင်းက ကစားကွင်းလေးထဲ ပြေးလွှားဆော့ကစားနေကြသည့် ကလေးငယ်များကို ရပ်ကြည့်နေပါသည့် ဂျွန်သခင်လေး ။
ဘောင်းဘီအိတ်ကပ်ထဲကို လက်နှစ်ဖက်လုံး ထည့်ထားလျက် ရှုတည်တည် မျက်နှာပေး ။

ထယ်ယောင်း သဘောတကျ ပြုံးမိသွားရကာ ဂျွန်သခင်လေးနား အပြေးတပိုင်း ဦးတည်လိုက်သည် ။

" မင်းရော ငယ်ငယ်တုန်းက အဲ့လို ဆော့ခဲ့တာလား ကင်မ်ထယ်ယောင်း.."

ပြေးလွှား ဆော့ကစားနေကြသည့် ကလေးငယ်များအပေါ် အာရုံရောက်နေသည့် ဂျွန်သခင်လေးအမေးကို ထယ်ယောင်း ခေါင်းယမ်းမိလိုက်သည် ။

" ကျွန်တော်က အဲ့လိုတော့ မဆော့ခဲ့ဘူး.. ပုံဆွဲ ဝါသနာပါလို့ ပုံပဲ ဆွဲခဲ့တာ.. ဟိုအဆောင်ထဲမှာ... "

ဂျွန်သခင်လေးကို ထယ်ယောင်း ငယ်စဉ်တုန်းက အချိန်အများဆုံး ကုန်ဆုံးတတ်သည့် ဂေဟာအဆောင်လေးထဲကို ခေါ်လာခဲ့လိုက်သည် ။

ကလေးများအတွက် ဆေးရောင်စုံ သုတ်ထားသည့် ချစ်စဖွယ် စာအုပ်စင် အသေးလေးများ ။
ရောင်စုံခဲတံများ၊ ပုံဆွဲစာအုပ်များကိုလည်း အစီအရီ ထားရှိပေးထားသည် ။

" ကျွန်တော်က ကစားချိန်ဆို သူများတွေလို မကစားဘဲ ပုံပဲဆွဲခဲ့တာ.. ဒီမှာ ထိုင်ပြီးတော့ပေါ့.. "

" မင်းက ပေါက်စနအရွယ်တုန်းကလည်း လှခဲ့မှာပဲ... "

" ဒါပေါ့.. ဂေဟာကို လာတဲ့သူတိုင်းက မျက်လုံးဝိုင်းဝိုင်း လှလှလေးနဲ့ ကော်ပတ်ရုပ်လေးဆိုပြီး.. မွေးစားဖို့အတွက် ခေါ်သွားချင်ကြတာ.. ဒါပေမယ့်.. ကျွန်တော် မလိုက်ခဲ့ဘူး.. ကြောက်တယ်.. သူတို့က ကျွန်တော့်ကို မလိုချင်တော့တဲ့အခါ ထပ်စွန့်ပစ်ကြမယ်မလား.."

Welcome to Omegaverse (Complete)Where stories live. Discover now