Part ~ 12

17.1K 1.9K 24
                                    

zawgyi

" ဒေါက်... ဒေါက်..."

" ၀င်ခဲ့ပါ... "

ထယ်ယောင်းတစ်ယောက် ၀ီစကီစိမ်ထားသည့် ရေခဲပုံးကိုယူရင်း ဂျွန်သခင်လေး အခန်းထဲသို့ ၀င်လာခဲ့သည် ။

ရေချိုးထားဟန်တူသည့် ဂျွန်သခင်လေးက bathrobeတစ်ထည်နှင့်သာ ရှိနေလျှင် ထယ်ယောင်းမျက်နှာ အနည်းငယ် ရဲသွားလျက် မျက်နှာလွှဲလိုက်မိသည် ။

" ငါနဲ့ အတူတူ မသောက်ချင်ဘူးလား.. "

" ကျွန်..ကျွန်တော် ဘယ်တော့မှ မသောက်ဖို့ ဆုံးဖြတ်ထားတယ်.. "

ထယ်ယောင်း ခေါင်းသွင်သွင်ယမ်း၍ အကြောက်အကန် ငြင်းဆိုလိုက်သည် ။
တကယ်လို့ ထပ်သောက်မိတဲ့အခါ ထယ်ယောင်း စိတ်အစိုးမရဘဲ ဂျွန်သခင်လေးနှင့် ထပ်မှားခဲ့ရင် ဘယ်လိုလုပ်မလဲ!!..

ဂျွန်သခင်လေးက ၀ီစကီပုလင်းကို ဖောက်ကာ ဖန်ခွက်လေးထဲ စောင်းငှဲ့ထည့်သည် ။
ဖြူနုနေသည့် အသားအရေထက် ရေစစိုနေသည့် ဆံနွယ်တို့က နဖူးထက် ၀ဲကျနေသည်မှာ ဆွဲဆောင်မှု ရှိလွန်းသည် ။

ယောက်ျားအချင်းချင်းပင် ဂျွန်သခင်လေး၏ ချောမောခန့်ညားမှုကို ထယ်ယောင်း အသိအမှတ်ပြုမိသည် ။

အဲ့ဒါကြောင့်လည်း ဒီကမ္ဘာက ကင်မ်ထယ်ယောင်းက ဂျွန်သခင်လေးကို သဘောကျခဲ့တာ ဖြစ်မည် ။

" မင်း မသောက်ရင်လည်း အဖော်လုပ်ပေး.. ငါ တစ်ယောက်တည်း မသောက်ချင်ဘူး... "

ထယ်ယောင်းမှာ စာလုပ်စရာ ရှိသေးပေမယ့် ဂျွန်သခင်လေး၏ အမိန့်မဆန်သည့် လေသံအောက်မှာ ဆိုဖာထက်တွင် ၀င်ထိုင်လိုက်ရင်း အဖော်ပြုပေးမိသည် ။

တိတ်ဆိတ်စွာနှင့် ၀ီစကီသောက်နေပါသည့် ဂျွန်သခင်လေး၏ပုံရိပ် ။

sketch book ထဲက ခဲခြစ်ပန်းချီနှင့် ထပ်တူကျနေပြန်လျှင် ထယ်ယောင်း ပင့်သက်ရှိုက်လိုက်မိသည် ။

" ကျောင်းနောက်ဆုံးစာမေးပွဲက ဘယ်တော့လဲ.. "

" နှစ်လလောက်တော့ လိုသေးတယ်.. "

ဂျွန်သခင်လေးက ထယ်ယောင်းကို စူးရဲစွာ စိုက်ကြည့်လာသည် ။
ထယ်ယောင်းလည်း အကြောင်းပြချက် မရှိစွာ ဂျွန်သခင်လေးကို ပြန်ကြည့်နေမိသည် ။

Welcome to Omegaverse (Complete)Where stories live. Discover now