Part ~ 17

17K 1.8K 35
                                    

zawgyi

အိပ်ရာကနေ နိုးထလာရပါသည့် ထယ်ယောင်း ။
အနည်းငယ် နောက်နေသည့် ဦးခေါင်းနှင့်အတူ စူးရှရှအနံ့များက နှာဖျားဝ တိုးဝှေ့လာသည် ။

သူ့မျက်ခွံတို့ အသာယာ ဖွင့်ဟကြည့်လိုက်ပါလျှင် သူ့အား မမှိတ်မသုန် စိုက်ကြည့်နေပါသော ဂျွန်သခင်လေးကြောင့် မျက်နှာက အနီရောင် ရင့်သွားရသည် ။

ဂျွန်သခင်လေးက ရေချိုးသန့်စင်ထားပြီးသည့်အပြင် အ၀တ်အစား သန့်သန့်ပြန့်ပြန့်နှင့် ဆိုပေမယ့် ထယ်ယောင်းကတော့ စောင်ပုံလေးထဲမှာ အ၀တ်ဗလာနှင့် ကြောင်ချီးရုပ်လေး ဖြစ်နေမည်မှာ သေချာသည် ။

" မင်းအိပ်တာ ကြာနေပြီ.. ညနေတောင် ရောက်နေပြီကို ဗိုက်မဆာဘူးလား.."

ဂျွန်သခင်လေးပြောမှပဲ ထယ်ယောင်း ၀မ်းဗိုက်တောင် တကြုတ်ကြုတ်မြည်လာသလို ။

" ဟို.. ဂျွန်သခင်လေး.. တစ်ချက်လောက် ဟိုဘက် လှည့်ထားပေးလို့ရမလား.."

ထယ်ယောင်းကိုသာ မျက်စိဒေါက်ထောက် ကြည့်နေမည့်ပုံပေါ်သော ဂျွန်သခင်လေးကြောင့် ထယ်ယောင်း မ၀ံ့မရဲ ဆိုလိုက်သည် ။

ထယ်ယောင်းမှာက အ၀တ်အစား မရှိဘူးလေ ။
ရေချိုးခန်းကို ဗလာကျင်းအတိုင်း သွားဖို့ကကျ ရှက်ဖို့ကောင်းလွန်းသည် ။

" ကျစ်.. မင်းတစ်ကိုယ်လုံးကို ငါ မြင်ထားပြီးပြီကို ရှက်နေသေးတာလား.."

" ရှက်တာပေါ့.. ကျွန်တော်က လူပဲလေ.. အရှက်တရား ရှိတယ်.. "

" လူ??.. ငါတို့က Wolfမျိုးနွယ်တွေပါ..."

ဂျွန်သခင်လေး၏ ရေရွတ်မှုကြောင့် ထယ်ယောင်း သူရောက်ရှိနေပါသည့် ကမ္ဘာအကြောင်းကို ပြန်သတိကပ်မိသွားသည် ။

ဟုတ်သားပဲ...။
ဒီကမ္ဘာက ငါနေထိုင်တဲ့ ကမ္ဘာမဟုတ်ဘဲ.. Omegaverseပဲ..။

" ထတော့... "

" ခဏ..."

တစ်ဖက်သို့ လှည့်ပေးထားမည့်ဟန် မရှိသော ဂျွန်သခင်လေးကြောင့် ထယ်ယောင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပင် စောင်ပုံကို ခန္ဓာကိုယ်၌ လုံးထွေးလိုက်သည် ။

Welcome to Omegaverse (Complete)Where stories live. Discover now