zawgyi
" ဒေါက်...ဒေါက်... "
" ငါ ၀င်လာလို့ ရလား.. ဂျောင်ကု... "
" ၀င်ခဲ့ပါ ဟျောင်း... "
ဂျောင်ကု၏အခန်းတံခါးကို အချက်ပေး၍ ဖွင့်ဝင်လာခဲ့သည့် ကင်မ်ဆော့ဂျင် ။
မှန်သားဖြင့် ကာရံထားသည့် အဆောက်အဦး အတွင်းမှတဆင့် အပြင်ဘက်သို့ ငေးစိုက်ကြည့်နေပါသော ဂျောင်ကု ။
ကြည့်ရတာ စောတုန်းက ကိစ္စကြောင့် စိတ်အတော်လေး ရှုပ်ထွေးသွားဟန်တူသည် ။" ဘယ်လို ဖြစ်တာလဲ... "
" သူက ကျောင်းတက်မယ်တဲ့.. အဲ့ဒါကြောင့် ကျွန်တော် စိတ်မထိန်းနိုင်ဘူး.. ဖြစ်သွားတယ်... "
Omegaက ဂျောင်ကုကို နောက်တစ်ကြိမ် ထပ်ထားသွားမှာကို မုန်းတယ် ။
ပြီးတော့ Omegaကို သူ အထိခိုက် မခံနိုင်ဘူး..။" ကျစ်!..."
" မင်းရဲ့စိတ်ကို ငါ နားလည်ပါတယ်.. ဒါပေမယ့်.. ထယ်ယောင်းက ငါတို့ကို တကယ် မမှတ်မိတော့တာ.. ဂျောင်ကု.. သူ့ကို အရင်လို လိုက်ပြီး မတင်းကြပ်ဘဲ တစ်ထစ်လျှော့ပြီး ဆက်ဆံလိုက်ပါ.. ထယ်ယောင်းက အဲ့ဒီလို ထပ်လုပ်မှာ မဟုတ်ဘူးလို့ ငါ ပြောရဲတယ်.. အာမလည်းခံတယ်.. ကျောင်းမှာက ငါ့အသိ မိတ်ဆွေလည်း ရှိတယ်.. ပြီးတော့ မင်းကလည်း ထယ်ယောင်းအနောက်ကို ကြည့်ဖို့ လူတွေ လွှတ်ထားတာပဲ မဟုတ်လား... "
ဆော့ဂျင်ဟျောင်း၏ ဖြောင်းဖျမှုကြောင့် ဂျောင်ကု အနည်းငယ် ငြိမ်သက်သွားရသည် ။
ဆော့ဂျင်ဟျောင်းနှင့်အတူ အပြင်ကို လိုက်ထွက်လာခဲ့သည့် ဂျွန်ဂျောင်ကု ။
Omegaက ခြံဝင်းထဲက မြက်ခင်းပြင်လေးထက် ငုတ်တုတ်လေးထိုင်နေသည်မှာ ပုံ့ပုံ့လေး ။
အလှစိုက် သစ်ပင်ပန်းမန်များကို ပါးစပ်အဟောင်းသားလေးနှင့် ငေးမောကြည့်နေကာ မျက်လုံးလှလှလေးကလည်း ထူးခြားဆန်းကြယ်မှုများနှင့် ပြည့်နှက်နေလျက်ရှိသည် ။
Omegaက အရင်နဲ့ တကယ် မတူတော့တာ ။
အရင်တုန်းက Omegaက ယောင်လို့တောင် သစ်ပင်ပန်းမန်တွေဘက် လှည့်မကြည့်ခဲ့ဘူး ။
လေသာဆောင်ကနေတဆင့် အပြင်ရှုခင်းကို ငေးစိုက်ကြည့်ရင်တောင် တစ်စုံတစ်ရာ အတွေးများနေဟန် ပေါ်တတ်သည် ။

YOU ARE READING
Welcome to Omegaverse (Complete)
FanficKim Taehyung × Jeon Jungkook Both zawgyi & unicode Taekook makes me happy.