Part ~ 13

17.4K 1.9K 33
                                    

zawgyi

Villa၏ မြေအောက်ခန်းလိုမျိုး ဖန်တီးထားသည့် အခန်းကျယ်အတွင်းရှိ ရေကူးကန် ။

ထယ်ယောင်း တအံ့တသြကြည့်ရင်း ရေကူးကန်ထဲက ရေကို လက်လေးနှင့် အသာယာထိတွေ့ပြီးမှ ရေကူးကန်ရှိရာ ခန်းမကျယ်မှာ ကြမ်းတိုက်တံနှင့် သန့်ရှင်းရေး လုပ်ဆောင်လိုက်သည် ။

ဒီနေ့က ပိတ်ရက်ဖြစ်၍ ထယ်ယောင်း ရေကူးကန် သန့်ရှင်းရေးကို တာဝန်ယူထားသည် ။
တခြားအလုပ်တွေကျ ထူးထူးခြားခြား လုပ်ဆောင်စရာ မရှိပေ ။
ရေကူးကန်သန့်ရှင်းရေး တာဝန်တောင် ထယ်ယောင်း မနည်းလုလာရတာ ။

ထယ်ယောင်း ကြမ်းတိုက်တံနှင့် သန့်ရှင်းလုပ်နေစဉ် အိမ်အကူတစ်ချို့က ရောက်ရှိလာကာ စားပွဲဝိုင်းထက် ရှန်ပိန်ပုလင်းနှင့် ခွက်များကို နေရာတကျ ချပေးသွားသည် ။

" ဂျွန်သခင်လေးက ဒီမှာ သောက်မှာလား.. "

ထယ်ယောင်း မှန်းဆချက် မဆုံးခင် bathrobeတစ်ထည်သာ ၀တ်ဆင်ထားသည့် ဂျွန်သခင်လေးက ရေကူးကန်ဆီ လျှောက်လှမ်းလာသည် ။

လျော့တိလျော့ရဲ bathrobeအောက်က တောင့်တင်းသန်မာလှသည့် ခန္ဓာကိုယ် အချိုးအစား ။
ဆွဲဆောင်မှုရှိလွန်းသည့် ဂျွန်သခင်လေး၏ ပုံရိပ်ကြောင့် ထယ်ယောင်း ငေးမောကြည့်မိသွားပြီးမှ ဂျွန်သခင်လေးက အကြည့်စူးစူးနှင့် ကြည့်လာလျှင် မျက်နှာအရောင်ရင့်သွားလျက် ကပျာကယာ မျက်နှာလွှဲလိုက်ရသည် ။

ကြမ်းပြင်ကိုသာ နာနာဖိတိုက်နေမိစဉ် ထယ်ယောင်းထံသို့ ချဉ်းကပ်လာသည့် ခြေလမ်းတစ်စုံ ။

မပြောမဆိုနှင့် ကောက်ယူပွေ့ချီခံလိုက်ရလျှင် ကြမ်းတိုက်တံက လွှတ်ကျသွားရပြီး ထယ်ယောင်း အလန့်တကြားနှင့် ဂျွန်သခင်လေး လည်ပင်းကို လက်နှစ်ဖက်လုံးနှင့် တွယ်ချိတ်လိုက်ရသည် ။

အကြည့်စူးစူးနှင့် ငုံ့မိုးကြည့်လာသည့် ဂျွန်သခင်လေးကြောင့် ထယ်ယောင်း ပါးပြင်လေး ရဲတက်သွားစဉ် ~

" ဗွမ်း!...."

သူ့ခန္ဓာကိုယ်က လှပ်ခနဲ ဖြစ်သွားလျက် ရေကူးကန်ထဲ အပစ်ချခံလိုက်ရသည် ။

Welcome to Omegaverse (Complete)Where stories live. Discover now