Part ~ 25

16.8K 1.7K 71
                                    

zawgyi

အခန်းထဲက စာကြည့်စားပွဲ၌ ထိုင်နေသည့် ထယ်ယောင်း ။

ဂျောင်ကုကတော့ ကုတင်ကျယ်ထက်မှာ လဲလျောင်းနေရင်း စာထဲ အာရုံစိုက်နေသည့် Omegaကို စိုက်ကြည့်နေသည် ။

" စာမေးပွဲက ဒီအပတ်ထဲမလား.."

" ဟုတ်.."

" အာ... တော်တော်ကြာတာပဲ.. အချိန်တွေက.. "

ဂျွန်သခင်လေး၏ အပြောကြောင့် ထယ်ယောင်း စာလုပ်နေရင်းတန်းလန်း ဘုကြည့်ကြည့်မိလိုက်သည် ။

ဒီမှာတော့ အချိန်မလောက်လို့ ပြာပန်းခတ်နေရပါတယ်ဆိုမှ ။

" စာမေးပွဲ ပြီးတဲ့နေ့.. မင်း ငါနဲ့တန်းနေရမှာနော်.. ကင်မ်ထယ်ယောင်း.."

" ကျေးဇူးပြု၍ ပါးစပ်လေး ပိတ်ထားပေးပါလား ဂျွန်သခင်လေး.. "

တဆိတ်ရှိ ထိုအကြောင်းကိုသာ အစလာလာဖော်နေသည့် ဂျွန်သခင်လေးကြောင့် ထယ်ယောင်း စိတ်ပေါက်နေပြီဖြစ်သည် ။

ထယ်ယောင်း သတိပေးတုန်းကတော့ ခဏတာ ပါးစပ်ပိတ်သွားသည် ။

ပြီးတော့လည်း ပြန်ဖောက်တာပါပဲ ။

" အဲ့ဒီ့နေ့ ချက်ချင်းပဲနော် ကင်မ်ထယ်ယောင်း.. စာမေးပွဲခန်းက ထွက်တာနဲ့... "

" အားရှ်...."

ထယ်ယောင်း စိတ်လက်မရှည်စွာ စာကြည့်စားပွဲကနေထပြီး ဂျွန်သခင်လေးကို အခန်းပြင်ဆွဲထုတ်လိုက်သည် ။

" ဒုန်း!... "

" ဘာလဲ.. ငါ အနှင်ထုတ်ခံလိုက်ရတာလား... "

ဂျောင်ကု သူ့အရှေ့မှ ဆောင့်ပိတ်သွားသည့် တံခါးရွက်ကြောင့် မကြည်မလင် ဖြစ်သွားရပေမယ့် Omegaကို အနှောင့်အယှက် ထပ်မပေးတော့ဘဲ ကိုယ့်အခန်းကိုသာ ပြန်လာခဲ့ရသည် ။

" ဂျွန်သခင်လေး.. Hybe companyက နှစ်ပတ်လည် dinnerပွဲအတွက် ဖိတ်စာပို့လာပါတယ်... "

အလုပ်စားပွဲ၌ ထိုင်နေသည့် ဂျောင်ကုအရှေ့ကို ချန်းမင်းက ဖိတ်စာအိတ်လေး ကမ်းပေးလာလျှင် ဂျောင်ကု ဖွင့်ဖောက် ဖတ်ကြည့်လိုက်သည် ။

ကင်မ်ထယ်ယောင်း စာမေးပွဲ ပြီးတဲ့နေ့ပဲ ။

ပုံမှန်လိုဆို သူက dinnerပွဲတွေ သိပ်တက်လေ့ မရှိပေမယ့် တစ်စုံတစ်ရာ အတွေးပေါ်သွားသလိုမျိုး နှုတ်ခမ်းထောင့်စွန်း ကွေးညွှတ်သွားရသည် ။

Welcome to Omegaverse (Complete)Where stories live. Discover now