Part ~ 5

18.9K 2K 35
                                    

zawgyi

အသိစိတ် ၀င်လာရသည့် ထယ်ယောင်း ။
သူ ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးကို ပြန်သတိကပ်လိုက်လျှင် မိမိခန္ဓာကိုယ်ကို စစ်ဆေးလိုက်မိသည် ။

အ၀တ်အစားလဲထားပေးပုံရသည်ကြောင့် ရှပ်အင်္ကျီ ပွပွယောင်းယောင်းအောက်မှာ Boxerကလွှဲ မရှိပေမယ့် သူ့ခန္ဓာကိုယ်က အဆင်ပြေနေသေးသည် ။

သူ အကြမ်းဖက်တော့ မခံလိုက်ရဘူးပဲ..။

စိတ်အေးသွားမှုနှင့်အတူ အခုမှ သူရောက်ရှိနေသည့် နေရာကို စူးစမ်းမိလိုက်လျှင် ထယ်ယောင်း တစ်သက်နဲ့တစ်ကိုယ် မတွေ့ဖူးသေးသည့် ကျယ်ဝန်းခမ်းနားလှပါသော အိပ်ခန်းကျယ်ကြီး ။

ကုတင်က ကြီးမားလွန်းလှကာ မွေ့ရာကလည်း အိစက်ညက်ညောလှသည် ။

ငါ ဘယ်ရောက်နေတာလဲ??...

ထိုအချိန်၌ တံခါးဖွင့်သံ ကြားလိုက်ရ၍ လှည့်ကြည့်မိလိုက်လျှင် ဂျွန်သခင်လေး ဖြစ်နေသည် ။

ထယ်ယောင်း အံ့သြသွားသည့်စိတ်ကို အသာထား ကုတင်ထက်ကနေ ကပျာကယာဆင်းလိုက်ရင်း ဂျွန်သခင်လေးကို ဦးညွှတ်နှုတ်ဆက်လိုက်သည် ။

" ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဂျွန်သခင်လေး... "

ရှပ်အင်္ကျီအောက်က ဝါညှက်ညှက်ပေါင်တံ ။
ဂျောင်ကု မနည်း အကြည့်လွှဲလိုက်ရသည် ။

" ငါ ကယ်ပေးထားမှန်းတော့ သိသေးတယ်ပေါ့..."

" ဂျွန်သခင်လေးရဲ့ ကျေးဇူးကို မမေ့ပါဘူး.. "

" မေ့လို့လည်း ဘယ်ဖြစ်မလဲ..."

ဂျွန်ဂျောင်ကုက အိပ်ခန်းကျယ်ထဲ ခင်းကျင်းထားသည့် ဆိုဖာထက်တွင် ၀င်ထိုင်လိုက်ကာ ရေခဲပုံးထဲကနေ ၀ီစကီပုလင်းကို ဆွဲထုတ်လိုက်လျက် ဖန်ခွက်ထဲ စောင်းငှဲ့ထည့်လိုက်သည် ။

" တစ်ခွက်လောက် အတူတူ သောက်မလား... "

" ဗျာ??.. အာ.. တော်ပါပြီ.. ကျွန်တော်က မသောက်နိုင်လို့ပါ.."

" မသောက်နိုင်ဘူး??..."

Omega၏ အပြောကြောင့် ဂျောင်ကု မျက်ခုံးတွန့်ချိုးသွားရသည် ။

Welcome to Omegaverse (Complete)Where stories live. Discover now