Part ~ 16

17.3K 1.8K 13
                                    

zawgyi

" အရှေ့ခန်းမှာ ထိုင်... "

ဂျွန်သခင်လေးက ကားမောင်းသူ နေရာတွင် ၀င်နေရာယူလိုက်လျှင် ထယ်ယောင်း ရှက်စိတ်ကြောင့် ရဲတက်နေသည့် မျက်နှာထားနှင့်ပင် အရှေ့ခန်းမှာ ၀င်ထိုင်လိုက်ရသည် ။

နှုတ်ခမ်းပါးဆီမှာ ထင်ကျန်နေဆဲဖြစ်သည့် အငွေ့အသက်တစ်ချို့ ။

ထယ်ယောင်း ထူပူနေသည့် စိတ်အစုံနှင့်အတူ အပြန်လမ်းတစ်လျှောက်လုံး မိမိ၏ လက်ကို အချင်းချင်း ပွတ်သပ်ရင်းသာ ဂျွန်သခင်လေးကို မကြည့်ရဲပင်မဲ့ စူးရှရှအနံ့လေးကိုတော့ တိတ်တခိုး ရှုရှိုက်ရသည်မှာ ကျေနပ်နေသလို ။

စင်ဝင်အောက်၌ ထိုးဆိုက်သွားသည့် ကားလေး ။

ဂျွန်သခင်လေးက ထယ်ယောင်းကို ကြည့်ရင်း ချောင်းအသာဟန့်သည် ။

" အဟမ်း.. ညနေစာ အတူတူ စားမယ်.. အပြင်မှာ.. ၆နာရီလောက် အသင့်ပြင်ထား..."

" အာ.. ဟုတ်... "

ထိုစကားဆိုပြီး ဦးအောင်အရင်ထွက်သွားနှင့်သည့် ဂျွန်သခင်လေး ။
ထယ်ယောင်းလည်း အနေခက်သလို ရှက်စိတ်မပြယ်သေးသောကြောင့် လည်ဂုတ်လေးကို အသာယာပွတ်ရင်း မိမိအခန်းထဲကို ၀င်လာခဲ့သည် ။

" ၆နာရီ... "

အခုက ၄နာရီ ထိုးခါနီးပြီဖြစ်လို့ ထယ်ယောင်းမှာ ပြင်ဆင်ချိန်က ၂နာရီလောက်သာ ကျန်တော့သည် ။

ထယ်ယောင်း အ၀တ်ဗီဒိုကို ဆွဲဖွင့်လိုက်ရင်း ကောင်းရာနိုးနိုး အ၀တ်အစားများကို ရွေးချယ်လိုက်သည် ။

တစ်ထည်ပြီးတစ်ထည် ဆွဲထုတ်လိုက် ကိုယ်လုံးပေါ်မှန်အရှေ့မှာ အင်္ကျီကို ခန္ဓာကိုယ်နှင့် ကပ်ကြည့်လိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်သွားရင်းမှ စိတ်လှုပ်ရှားဟန် အထင်းသား ပေါ်နေသည့် ကိုယ့်ပုံရိပ်ကိုယ် ပြန်သတိပြုမိလိုက်သည် ။

မှန်၌ ထင်ဟပ်နေပါသော ထယ်ယောင်း၏ ပြုံးရိပ်ယောင်သန်းနေပါသော မျက်နှာ ။

ထယ်ယောင်း မလုံမလဲ ဖြစ်သွားရရင်း ရေချိုးခန်းထဲသို့ ၀င်လိုက်ကာ ရေချိုးသန့်စင်လိုက်သည် ။

Welcome to Omegaverse (Complete)Where stories live. Discover now