Part ~ 20

16.6K 1.7K 26
                                    

zawgyi

ကြီးမားကျယ်ဝင်းသည့် ခြံဝင်းအတွင်းက စိမ်းစိုလျက် ရှိနေသည့် အလှစိုက်မြက်ခင်းပြင်ထက် ပြေးလွှားဆော့ကစားနေကြသော အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ။

" သားရေ.. သိပ်မပြေးနဲ့ ချော်လဲပါမယ်ဆို.. "

" မိအောင် လိုက်ဖမ်းလေ.. မေမေကလည်း.."

တောက်ပသည့် အပြုံးလေးများနှင့် ကလေးငယ်က လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေခဲ့သည် ။

ပျော်ရွှင်မှုများ စွန်းထင်းနေသည့် အကြည်ရောင် မျက်ဝန်းအိမ်လေးက သူ့အနောက်ကနေ ပြေးလွှားလိုက်ဖမ်းဟန် ပြုနေပါသည့် မိခင်ဖြစ်သူကို လှည့်လှည့်ကြည့်နေသည် ။

မိခင်ဖြစ်သူ၏မျက်နှာက ဝေဝါးနေခဲ့ပေမယ့် သူ့အထင် သူ့လိုပင် ရယ်မောနေခဲ့သည်ပဲ ။

ရယ်သံချိုချိုများ ပျံ့လွှင့်နေခဲ့သည့် မြင်ကွင်းကနေ ရုတ်တရက် အခန်းကျယ်တစ်ခုဆီက တံခါးပေါက်ဝ၌ ရပ်နေခဲ့သည့် ကလေးငယ် ။

အမေနဲ့ အဖေက အချေအတင် စကားများနေခဲ့ကြသည် ။
နှစ်ယောက်လုံးက Alphaတွေဖြစ်၍ ဒေါသတရားကြောင့် ပြင်းထန်နေခဲ့သည့် pheromoneများက သာမန်Beta,Omegaဆို မူးမေ့သွားလောက်စရာ ။

" ကောင်းပြီလေ.. ငါ မင်းကို rejectလုပ်မယ်!!.. "

အဖေက အမေ့ကို မာန်မဲပြီး အခန်းထဲကနေ ထွက်လာစဉ် အပေါက်ဝ၌ ရပ်နေသည့် သူ့အား ခက်ထန်စွာ ကြည့်လာသည် ။

" တောက်!.."

အဖေ ထွက်သွားသည်နှင့် လဲပြိုကျသွားခဲ့သည့် အမေ ။
အလုပ်သမားတစ်ချို့၏ အကူအညီနှင့် အိပ်ရာထဲက ကုတင်ထက် ရောက်ရှိလာခဲ့သော အမေ့လည်ပင်းကနေ တဆစ်ဆစ် သွေးစိမ့်ထွက်နေပါသည့် အမှတ်အသားတစ်ခု ။

သူ ထိုဒဏ်ရာဆီ လက်သေးသေးလေးနှင့် လှမ်းလိုက်လျှင် အိပ်မက်ကနေ ရုတ်တရက် နိုးထလာခဲ့ရလျက် ။

ဂျောင်ကုတစ်ယောက် ကိုက်ခဲနေသည့် ဦးခေါင်းနှင့်အတူ အခန်းအတွင်းရှိ အပျက်အစီး အကွဲအရှများကြားကနေ ကုန်းရုန်းထလိုက်သည် ။

သက်မဲ့အရာဝတ္ထုများအပေါ် ပုံချလိုက်ရသည့် ဒေါသများကြောင့် သူ့စိတ်က အနည်ထိုင်သွားပြီ ။

Welcome to Omegaverse (Complete)Where stories live. Discover now