zawgyi
ပြန်လည်စေ့ပိတ်သွားသည့် ဓာတ်လှေကားတံခါးထဲ ဂျောင်ကု မိမိ၏နှာခေါင်းကို အလျှင်အမြန် အုပ်လိုက်သော်လည်း ချိုအီမွှေးပျံ့လွန်းသည့် အနံ့သင်းသင်းက သူ့ခန္ဓာကိုယ်ထဲက Wolfကို လှုပ်နိုးလိုက်ပြီ ။
ခန္ဓာကိုယ်အတွင်းက ပေါက်ကွဲထွက်မတတ် ခံစားချက် လောင်စာမီးတစ်ချို့ ။
ချိုအီအီ အမွှေးနံ့မှာ အသိစိတ်က ကပ်လုတစ်ချက် ပျောက်လုတစ်ချက် ။
ဂျောင်ကု၏ မျက်ဆံက နီညိုရောင် သန်းသွားရကာ သူ့အရှေ့ထံမှ Omegaထံ တစ်လှမ်းချင်း တိုးကပ်သွားသည် ။
မျက်ဝန်းအစုံ မှိတ်ချလိုက်သည့် Omega၏ မျက်ဝန်းမှ ပါးပြင်ထက် လှိမ့်ဆင်းလာသည့် မျက်ရည်စ ။
တောင်းပန်ပါတယ်.. ထယ်ယောင်း..။
ငါ.. ငါ.. နင့်ကို တောင်းပန်ပါတယ်..။
.
.
.အခန်းကျယ်တစ်ခုအတွင်း ။
အနက်ရောင် dressလှလှလေးနှင့် ရှန်ပိန်ခွက်ကို လှုပ်ယမ်းကာ အရသာခံ သောက်နေသည့် ယွန်းဟေမီ ။စူးရဲနေသည့် သူမ၏ မျက်ဝန်းအစုံ ။
ကြက်သွေးရောင် ထနေသည့် နှုတ်ခမ်းပါးက အလိုကျသလို တွန့်ကွေးနေသည် ။" ဟေ..ဟေမီ.. နင် ဘာပြောလိုက်တာလဲ... "
သူမ၏ စကားကြောင့် မယုံကြည်နိုင်သလို မျက်နှာပျက်ယွင်းသွားခဲ့သည့် ဂျောင်ဟယ်ရာ ။
" ဂျွန်ဂျောင်ကုနဲ့ အတူတူနေပြီး သူ့spermယူလာခဲ့လို့ ပြောတာ.. နင်က Omegaပဲလေ.. Alphaတစ်ယောက်ကို pheromoneနဲ့ ရူးသွားအောင် လုပ်ဖို့က အလွယ်လေး.. နင်ပြောတော့ ငါ့ကို ချစ်တယ်ဆို.. ဒါလေးတောင် ငါ့အတွက် မလုပ်ပေးနိုင်ဘူးလား... "
" နင်ကရော.. ဟေမီ... "
သူမ စကားကြောင့် ငြိမ်သက်သွားခဲ့သည့် ဟယ်ရာက မျက်ရည်စများ ပြည့်လျှံနေသည့် မျက်ဝန်းအိမ်လှလှနှင့် မော်ကြည့်နေပြန်သည် ။
ကျစ်!.. ဟယ်ရာက အရမ်းပျော့ညံ့လွန်းတယ်..။
သူမရဲ့ အဲ့လိုပုံစံကို ယွန်းဟေမီ မကြိုက်ဘူး..။ရင်ဘတ်ဆီက တနုံ့နုံ့ခံစားချက်က ဟယ်ရာကို အလိုမကျလို့သာဟု ယူဆလိုက်သည် ။
![](https://img.wattpad.com/cover/291222304-288-k641840.jpg)
YOU ARE READING
Welcome to Omegaverse (Complete)
FanfictionKim Taehyung × Jeon Jungkook Both zawgyi & unicode Taekook makes me happy.