Part ~ 8

19.2K 2K 97
                                    

zawgyi

ကျောင်းဝင်းထဲသို့ ၀င်လာခဲ့သည့် ထယ်ယောင်း ။
ကျောင်းဆောင် အဆောက်အဦးတွေက ထယ်ယောင်းတို့ ကမ္ဘာအတိုင်းပင် ထပ်တူကျနေသည် ။

မတူတာဆိုလို့ စူးရှသည့်အနံ့တစ်ချို့.. ချိုအီမွှေးကြိုင်သည့် အနံ့တစ်ချို့တို့ ပျံ့နှံ့လျက် ရှိနေတာတစ်ခုပဲ ။

ထယ်ယောင်းတောင် ထိုသို့ အနံ့တွေမှာ နေသားကျနေပြီဖြစ်သည် ။

ရုံးခန်းရှိရာဆီ သွားသည့် လမ်းတစ်လျှောက် ထယ်ယောင်းကို ကွက်ကြည့် ကွက်ကြည့် ကြည့်နေကြသည့် ကျောင်းသား ကျောင်းသူများ ။

ထယ်ယောင်းက သူတို့အနားသို့ ဖြတ်လျှောက်လျှင် မလိုသလို ရှဲခနဲ ရှောင်ဖယ်သွားကြသည် ။

" အဲ့ဒါက.. ကျောင်းဆောင်ကနေ ခုန်ချသွားတယ်ဆိုတဲ့ Omegaမလား.. "

" အဲ့ဒီ့Omegaက ဂျွန်သခင်လေးဆီမှာ စပွန်ဆာတောင်းပြီး ကပ်နေတာတဲ့လေ.. "

" ရုပ်လေး ကြည့်တော့.  မထင်ရဘူးနော်.."

" ဂျွန်သခင်လေးရဲ့ Mateဖြစ်မယ့် မိန်းကလေးကိုလည်း ပြဿနာ ရှာဖူးတယ်တဲ့.. "

" ကျွတ်.. ကျွတ်.. Omegaတိုင်းက အဲ့အတိုင်းပါပဲ.. သူတို့pheromoneက Alphaတွေကို ဆွဲဆောင်နိုင်တယ် ဆိုပြီးတော့ မူရာမာယာတွေချည်းပဲ... "

ကျွတ်စိကျွတ်စိ အသံများက ထယ်ယောင်း၏ ကောင်းကြောင်း မဟုတ်တာတော့ သေချာသည် ။

ထယ်ယောင်းက အရင်ကမ္ဘာမှာတုန်းကလည်း အပေါင်းအသင်း မိတ်ဆွေမရှိဘဲ ဟယ်ရာ တစ်ဦးနှင့်သာ ပေါင်းသင်းတာဖြစ်သည် ။
သို့သော် အဲ့ဒီ့မှာက ကိုယ့်ကို အထင်သေးတတ်ကြတဲ့သူတွေ ရှိပေမယ့် ဒီလိုမျိုးတော့ အပယ်ခံ မဖြစ်ခဲ့ဖူးပါ ။

ကျောင်းရုံးခန်းသို့ရောက်လျှင် အပြုံးတောက်တောက်လေးနှင့် ဆီးကြိုပါသော ကြည့်ကောင်းလှသည့် လူတစ်ယောက် ။
ထယ်ယောင်းက ပတ်ဝန်းကျင်ကို စူးစိုက်မှုအား နည်းသည်မို့ ထိုသူက ထယ်ယောင်းတို့ကမ္ဘာက ဆရာ ဟုတ်မဟုတ်တော့ မသိချေ ။

အနံ့သိပ်မရပုံထောက် ဒီဆရာက Betaဖြစ်ရမည် ။

" အာညော်.. မင်းက ကင်မ်ထယ်ယောင်း ဖြစ်ရမယ်... "

Welcome to Omegaverse (Complete)Where stories live. Discover now