Part ~ 2

19.6K 2K 74
                                    

zawgyi

ထယ်ယောင်း အသိစိတ် ၀င်လျှင်ဝင်ခြင်း စူးရှသည့် အနံ့များက နှာဖျားထံ အလုအယက် တိုးဝှေ့လာကြသည် ။

သူ ထိုအနံ့များကို မခံနိုင်စွာ မျက်ခုံးလေး တွန့်ချိုးသွားရရင်း မျက်ဝန်းတို့ကို အားတင်းပြီး ဖွင့်ကြည့်လိုက်လျှင် အဖြူရောင် မျက်နှာကြက်ကို တွေ့လိုက်ရသည် ။

" တီ...တီ...တီ... "

နှလုံးခုန်သံစက်ကနေပြီး ပုံမှန်ထွက်ပေါ်နေသည့် တတီတီ အသံ ။

သူ ဆေးရုံရောက်နေတာပဲ ။

ဝေဝါးနေသည့် အမြင်အာရုံများက တဖြည်းဖြည်း ကြည်လင်လာလျှင် သူက ဆေးရုံအခန်းတစ်ခုက ကုတင်တွင် လှဲလျောင်းနေတာ ဖြစ်သည် ။
သူ့လည်ပင်း၌ ကျောက်ပတ်တီးကိုင်ထားရကာ ဦးခေါင်းထက်လည်း ပတ်တီးစည်းထားရသည် ။
ခန္ဓာကိုယ်က လက်ချောင်းလေးများနှင့် ခြေထောက်ကို အနည်းငယ် လှုပ်ရှားကြည့်လိုက်လျှင် နာကျင်မှုတစ်ချို့က အရိုးထဲထိ စိမ့်ဝင်လာသော်လည်း သူ အဆင်ပြေနေသေးပုံရသည် ။

ထယ်ယောင်း အခုမှပင် စိတ်အေးသွားရသလို မျက်ဝန်းတို့ကို ပြန်မှေးပိတ်လိုက်သည် ။

ကားအက်ဆီးဒင့် ဖြစ်ခဲ့ပေမယ့် ကံကောင်းလှစွာပင် သူ အသက်ရှင်နေသေးသည် ။
တွယ်တာစရာ မရှိသော တစ်ကောင်ကြွက် ဖြစ်ပေမယ့် သူ့အသက်ကို တန်ဖိုးထားပါသည် ။
မည်သို့ပင် ဘ၀ကို ရုန်းကန်နေရဦးတော့ ။
သူ လောကကြီးမှာ ရှင်သန် နေထိုင်ချင်သေးသည် ။

နှာဖျားဝထံ တိုးဝှေ့ကျီစယ်နေပါသော ချိုအီအီ မွှေးရနံ့ ။
သကြားလုံးအနံ့လိုလို ပျားရည်အနံ့လိုလို ချိုအီမွှေးပျံ့နေပါသည့် အနံ့က ထယ်ယောင်းကို စိတ်အနှောင့်အယှက် ဖြစ်လာစေသည် ။

သို့သော် ဆေးရုံအခန်းထဲက သူ့ကို မည်သူကမျှ လာမကြည့်ကြပေ ။

အတန်ကြာမှ ဆေးရုံအခန်းတံခါးဖွင့်ကာ Duty coat အဖြူရောင်နှင့် ၀င်လာပါသည့် doctorတစ်ဦး ။

" ဟင်??... သတိရလာပြီလား... "

Name tag၌ ပတ်ခ်ဂျီမင်းဟု ရေးထွင်းထားသည့် doctorက ဆေးမှတ်တမ်းကို လှန်လောကြည့်ပြီးမှ ကုတင်ထက်က ထယ်ယောင်းကို ပြန်ကြည့်သည် ။

Welcome to Omegaverse (Complete)Where stories live. Discover now