zawgyi
ထယ်ယောင်းအရှေ့၌ ရပ်နေပါသည့် ဂျောင်ဟယ်ရာ ။
ထယ်ယောင်းတို့ ကမ္ဘာမှာမှာကျ ဂျင်းနှင့် အင်္ကျီပွပွယောင်းယောင်းလေးတွေကိုသာ ၀တ်ဆင်တတ်လေ့ရှိသော ဟယ်ရာက အခုတော့ အညိုရင့်ရောင် စကတ်လေးနှင့် ဂျာကင်လေးကို ထပ်ဝတ်ထားကာ မိတ်ကပ်ပါးပါး ခြယ်သထားသည့် မျက်နှာလေးက ဖူးကြွလှပနေသည် ။
ချိုအီအီနှင်းဆီရနံ့လေး ။
ထယ်ယောင်းကို ပြုံးပြလာပါသည့် ချစ်စဖွယ်အပြုံးလေးကတော့ အရင်လို နွေးထွေးလျက် ရှိနေဆဲပင် ။
ဟယ်ရာကလည်း Omegaတဲ့လား ။
အဆင်ပြေနေပုံရသည့် ဟယ်ရာကြောင့် ထယ်ယောင်း စိတ်အေးသွားမိသည်ကတော့ အမှန် ။
" ငါ မမြင်လိုက်လို့ ထိန်းပေးထားတဲ့အတွက် တကယ် ကျေးဇူးနော်.. နင့်ကြောင့်သာ မဟုတ်ရင် ငါ အကျနာသွားမှာ.."
ဟယ်ရာက ကြက်သီးထဟန်လေးနှင့် သူမလက်မောင်းလေးကို ပွတ်သပ်ဟန်ပြုသည် ။
သူမ၏ အပြုအမူကတော့ မပြောင်းလဲသည်မို့ ထယ်ယောင်း နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွှတ်သွားခဲ့ရသည် ။
.
.
.ကျောင်းကန်တင်း၌ ထမင်းဗန်းလေး ယူဆောင်ကာ လူရှင်းသည့် စားပွဲတန်းတွင် ထယ်ယောင်း နေရာယူလိုက်သည် ။
ဘိုဂမ်ကတော့ သူ့၏အပေါင်းအသင်းများနှင့် အပြင်ကို လိုက်ပါသွားသည်ဖြစ်ပြီး ထယ်ယောင်းကို ခေါ်ပေမယ့် လိုလားပုံမရသည့် တခြားသူများကြောင့် ထယ်ယောင်း ငြင်းဆိုလိုက်ကာ ကန်တင်း၌ တစ်ယောက်တည်း လာထိုင်ရခြင်း ဖြစ်သည် ။
" ဟင်?.. ထပ်တွေ့ပြန်ပြီ.. ငါ ထိုင်လို့ရတယ်မလား.. "
ချိုအီအီ နှင်းဆီရနံ့လေးနှင့်အတူ ထယ်ယောင်းအရှေ့မှာ ထမင်းဗန်းလေး တင်ဆောင်ကာ အပြုံးချိုချိုလေးနှင့် ၀င်ထိုင်လာပါသည့် ဂျောင်ဟယ်ရာ ။
" မနက်တုန်းက ငါ အလျှင်လိုနေတော့ မမိတ်ဆက်လိုက်ရဘူး.. ငါ့နာမည်က ဂျောင်ဟယ်ရာ.. နင်ကရော.. "
" ကင်မ်ထယ်ယောင်း... "
ထယ်ယောင်းရဲ့အရှေ့ လက်လေးကမ်းလင့်ပေးကာ မိတ်ဆက်လာပါသည့် ဟယ်ရာက ထယ်ယောင်းနှင့် သူမ စတွေ့ခဲ့သည့် အထက်တန်း ကျောင်းတုန်းကအတိုင်းပင် တစ်ထပ်တည်း ။
YOU ARE READING
Welcome to Omegaverse (Complete)
FanfictionKim Taehyung × Jeon Jungkook Both zawgyi & unicode Taekook makes me happy.