KL 1

6K 183 52
                                    


Unicode

Kill Love (1)

" Morning အရာ "

ခွမ်း...... ( ခွက်ပစ်ခွဲသံ)

" အရာ ဘာလို့ခွက်ကိုပစ်ခွဲတာလဲ
မင်းလက်ထိကွဲနေပါဦးမယ် "

ခွက်ပစ်ပေါက်လိုက်သည့် အရာ၏
လက်ကို အတ္တဆုပ်ကိုင်လိုက်ရင်း
ထိခိုက်မိမလားစစ်ဆေးနေသည်။

"လွှတ်... အတ္တ မင်းအကျင့်တွေပျက်နေပါလား
အာ...ငါ့ကိုမချစ်တော့ဘူးပေါ့ "

" အရာ ငါမင်းအပေါ် ဘယ်တုန်းကအချစ်ပေါ့ခဲ့လို့လဲ
မင်းနဲ့ငါ လက်ထပ်ထားတာ ၃နှစ်ရှိပြီး
မင်းအခုထိငါ့ကိုမယုံကြည်သေးဘူးလား "

" တိတ်စမ်းအတ္တ
မင်းငါ့ကိုတစ်ခွန်းမှပြန်ခံမပြောနဲ့
မင်းငါ့ကိုထပ်ပြီးလွှမ်းမိုးဖို့ မကြိုးစားနဲ့
ငါအလုပ်သွားတော့မယ်
မင်းအိမ်ထဲကနေ အိမ်ပြင်ခိုးထွက်ဖို့
မကြိုးစားနဲ့အတ္တ ဒီတစ်ခါအခန်းထဲချုပ်ထားရုံ
မဟုတ်ဘူး မင်းခြေထောက်ပါ ငါရိုက်ချိုးပစ်မှာ "

*ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ
မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို
ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်*

" ကောင်းပြီး အရာလေး
ဂရုစိုက်သွားပါ ငါမင်းကိုချစ်တယ်နော် "

အတ္တ၏ချစ်တယ်ဆိုတဲ့စကားကို
တုံ့ပြန်သည့်အနေဖြင့် အရာ
မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်သည်။
တစ်ပြိုင်တည်း နာကျင်ခြင်းကိုလည်း
အရာ ခံစားရသည်။

အနီရောင် suit အပြည့်နဲ့ အရာ ဟာ
လက်ဆွဲအိတ်အမည်းဆွဲကာ
အလုပ်သွားဖို့အိမ်ကနေ
ထွက်သွားတော့သည်။
အနီရောင်အရမ်းကြိုက်သည့် အရာဟာ
အနီရောင်ပြိုင်ကားလေးကိုမောင်းရင်း
ကုမ္ပဏီသို့ထွက်သွားတော့သည်။

အရာ ပိုင်သည့် အိမ် ၊ ခြံ ၊ကား အဝတ်အစား
စစရှိသမျှအရာအားလုံးဟာ အနီရောင်ဖြင့်သာ
လွှမ်းမိုးထားသည်။

အရာပိုင်သည့် ကားကုမ္ပဏီတောင်
Red World ဆိုပြီးနာမည်တွင်ထားလေရဲ့။
အနီရောင်ကားတွေသာ
သီးသန့်ထုတ်သည့် ကုမ္ပဏိီကြီးတစ်ခုပေါ့။

Kill Love (ongoing) U+ZWhere stories live. Discover now