KL (13) U+Z

757 55 38
                                    

Kill Love (13)

" လူနာ သတိရလာပြီးလား "

ခေါင်းငြိမ့်လာခဲ့သည်။

" ဒါဘယ်နေရာလဲ သိလား "

အတ္တခေါင်းခါပြလိုက်သည်။

" ဘာဖြစ်ခဲ့တာလဲရောမှတ်မိလား "

" အာ့ ခြေထောက် ခြေထောက်လှုပ်မရတော့ဘူး
ဘာလုပ်လိုက်ကြတာလဲ ကျွန်တော့်ကို
ဘာလုပ်လိုက်ကြတာလဲ "

" လူနာ စိတ်​ငြိမ်ငြိမ်ထား ဘာမှမဖြစ်ဘူးနော်
ဘာမှမဖြစ်ဘူး စိတ်လျော့ထားနော် "

မညှပ်ဖြစ်တာကြာသည့် အတ္တ၏ဆံရှည်တွေဟာ
ယခုအခါမှာ တိုတိုလေးသာကျန်နေပြီး
နဖူးကနေ နောက်စေ့ထိပတ်တီးစည်းထားခြင်း
ခံထားရသည်။

ခြေထောက်နှစ်ဖက်ဟာလည်း ထုံကျင်ကာ
လှုပ်၍မရပေ။ ဆေးပိုက်တွေဟာလည်း
စိတ်ရှုပ်စွာပင်လက်နှစ်ဖက်မှာ တွယ်ထားခြင်း
ခံနေရပြန်သည်။

" လူနာ နာမည်ဘယ်လိုခေါ်လဲ "

" နာမည် နာမည်... နာမည်ကဘာလဲ
ကျွန်တော့်နာမည်ကဘာလဲ ခင်ဗျားကျွန်တော့်
နာမည်ကို ယူလိုက်တာလား ခင်ဗျား ခင်ဗျား
အား...ခေါင်းကိုက်တယ် ခေါင်းကိုက်တယ်
အား..."

နားထင်ကိုလက်နဲ့ဖိကာခေါင်းကိုက်တယ်ဟု
အော်ရင်း စိတ်တွေလည်းရှုပ်ထွေးလာသည်။
အတိတ်မေ့သွားတဲ့လူတစ်ယောက်လို
ဘာမှလည်းစဥ်းစားလို့မရနိုင်ပဲ
ခေါင်းသာကိုက်တက်လာခဲ့သည်။

" ဆရာမ လူနာကို စိတ်​ငြိမ်ဆေးထိုးပေးပါဦး "

" ဟုတ်ကဲ့ဆရာ "

သူနာပြုဆရာမတစ်ယောက်ဟာ
အတ္တကိုစိတ်ငြိမ်ဆေးတစ်လုံးထိုးပေးလိုက်ပြီး
အခန်းထဲကနေ ဆရာဝန်ကြီးတစ်ဦးနှင့်အတူ
ထွက်လာခဲ့လိုက်သည်။

" ဆရာ အထဲက လူနာအခြေအနေ
ဘယ်လိုနေလဲဗျ "

" အင်း ပြောရမယ်ဆို လူနာနဲ့ ဒီကသားလေးနဲ့က
ဘာတွေတော်ကြလဲ "

" ဟို ဘာမှတော့မတော်ဘူးဗျ ကျွန်တော်တို့
ရွာထိပ်မှာ ဒဏ်ရာနဲ့လဲနေတာတွေ့လို့ ကျွန်တော်နဲ့
ကျွန်တော့်သူငယ်ချင်းနဲ့ ဆေးရုံကိုခေါ်လာခဲ့တာပါ "

Kill Love (ongoing) U+ZWhere stories live. Discover now