Kill Love (25) U + Z

848 44 27
                                    

Kill Love (25)

" ဟိတ်ခလေး... ဒီဘောလုံးကိုလိုချင်လား "

" ဟုတ်တဲ့ ဦးဦး သားသား ဘောယုံး "

" အဲ့ဆို ဦးနဲ့သား သူငယ်ချင်းလုပ်ရမယ်နော် "

" တူနယ်ဂျင်းယုတ်ရမယ် ဟုတ်ယား
မေမေကမှာထားတယ် သူချိမ်းတွေညဲ့
တူနယ်ဂျင်းလုပ်ရဝူးတဲ့ "

အသားဖြူဖြူပါးခပ်ဖောင်းဖောင်းကောင်ငယ်လေး
ဟာ နှုတ်ခမ်းလေးအနည်းငယ်စူကာ
ဒေါင်ကောင်းကောင်း အရပ်မြင့်မြင့်နဲ့ ပါဝါမျက်မှန်
ကိုတပ်ထားရပေမယ့်လည်း ချောမောသည့်မျက်နှာပိုင်ရှင်ကို မပီ့တပီစကားတွေနဲ့ ပြန်ပြောနေသည်။

" ဦးဦးနဲ့သူငယ်ချင်းတွေဖြစ်သွားရင်
သူစိမ်းတွေမဟုတ်တော့ဘူးပေါ့ သားသားရဲ့ "

" ဟူး...."

မျက်မှောင်ကျုံ့ ခေါင်းကုပ်ကာ မျက်စောင်းကို
ဘေးသို့ထိုးရင်း စဥ်းစားဟန်ပြုနေသည့်
သုန်သုန်ဟာ ခဏအတွင်းမှာပြန်ပြုံးလာခဲ့သည်။

" ဟုတ်တယ်ညော် တူနယ်ဂျင်းတွေဖြစ်သွားရင်
သူချိမ်းတွေဟုတ်တော့ဘူး အာ့ချို တူနယ်ဂျင်း
လုပ်ကြမယ် "

" ဒါဆိုသားသားနာမည်ပြောပြ "

" သုန်သုန် မေမေက သုန်သုန်လို့ သားကို
ခေါ်တယ် "

" အာ့ဆို သုန်သုန်လေးနဲ့ ဦးဦးနဲ့က သူငယ်ချင်း
တွေဖြစ်သွားပြီးနော် ဦးနာမည်က...."

" သုန်သုန်ရေ.... သုန်သုန်..ဘယ်ပျောက်သွားတာ
လဲ "

နက္ခ တစ်ယောက်မျက်မှန်ကိုင်းပင့်ကာ သုန်သုန်
လေးကိုမိတ်ဆက်ဖို့ဟန်ပြင်နေစဥ် ခြံထဲက
အဒေါ်ကြီးတစ်ယောက်၏ခေါ်သံကြောင့်
မိတ်ဖွဲ့ခြင်းပျက်ဆီးသွားခဲ့သည်။

" ဟာ ဘွားဘွားရှင်း အော်ခေါ်နေပြီး
သားသား သွားရတော့ညယ် တာ့တာ့ "

နက္ခ လက်ထဲရှိဘောလုံးက်ိုသုန်သုန်လုပြေးရင်း
အိမ်ထဲသို့ပြန်ဝင်သွားတော့သည်။ နက္ခမှာ
လှုပ်တုတ်လှုပ်တုတ်နဲ့ ပြေးဝင်သွားသည့်
ထိုအကောင်သေးသေးလေးကိုကြည့်ရင်း
ပြုံးရင်းသာလမ်းပေါ်ကျန်ခဲ့ရသည်။

Kill Love (ongoing) U+ZWhere stories live. Discover now