Kill Love (21)
ခွမ်း....
နက္ခထွက်သွားလို့ပြီးပြီးချင်း ကုဒြာဟာသူမ
၏စားပွဲပေါ်ရှိ ပန်းအိုးကိုဒေါသရှိသမျှပုံအပ်
ကာနံရံဆီ ပစ်ပေါက်လိုက်သည်။"မင်းချက်ချင်း မြို့ပြင်သွားပြီး စေညွှန်ရာ
သွားခဲ့တဲ့သင်္ချိုင်းကိုသွား ပြီးရင် အဲ့အုတ်ဂူ
တိုင်တွေမှာအတ္တတံခွန်နာမည်ရှိမရှိရှာခဲ့ "" ဟုတ်ကဲ့မမ "
သူ့အနားရှိ သူ့စေလိုရာအခိုင်းအစေ
နှစ်ဦးကိုအမိန့်တွေထုတ်လွှတ်ကာစေခိုင်းနေ
ပြန်သည်။" အစ်ကိုပြန်လာတာ မှားသွားပြီး
အစ်ကိုလည်းအတ္တလို ဖြစ်ချင်နေ
ပြီးထင်တယ် ဟားဟား ကုဒြာချိုဆိုတဲ့မိန်းမ
ကလိုချင်တာကိုမရရင်အမှုန့်ချေပစ်ရမှကျေ
နပ်တာ အဟင်း အဆိပ်ထုတ်ပြရသေးတာပေါ့ "မာကျောခက်ထန်သည့်သူမ၏မျက်နှာအမူအရာ
နှင့်အတူ လက်သည်းရှည်များဖြင့်လှပနေသည့်
လက်ချောင်းတွေဟာလည်း လက်ထဲရှိစာရွက်ကို
ကျစ်ကျစ်ဆုပ်ထားနေသည်။ နှုတ်ကနေလည်း
မနှစ်မျို့စရာစကားတွေထုတ်ပြောရင်း
တစ်ယောက်ထဲအကြိတ်အနယ်ဒေါသကို
ဖြေသိမ့်နေသည်။သူအရမ်းမုန်းတဲ့သူ့အစ်ကိုဆိုသူကြောင့်လည်း
သူ့ရင်ထဲအမုန်းတရားများသာရှင်သန်ပေါက်ဖွား
နေသည်။ သူမဘဝသည် လိုတရနေပေမယ့်
လည်းမိဘတွေဆီကနေ စိတ်ပိုင်းဆိုင်ရာထောက်
ပံ့မှုတစ်စက်တလေမှမရဖူးပေ။.
.
.
တင်းတောင်...တင်းတောင်တောင်ပိုင်းဒေသတစ်နေရာရှိ ကြီးမားကျယ်
ဝန်းသည့်စံအိမ်ကြီးတစ်ခုရှေ့တွင် လူခေါ်ဘဲလ်
တီးဖို့ရန် ရင်ခုန်စိတ်လှုပ်ရှားနေသည့်အတ္တဟာ
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း
တီးသင့်မတီးသင့်စဥ်းစားပြီးသည့်နောက်
အရဲစွန့်ကာတီးလိုက်သည်။
ခဏအကြာမှာ ခပ်ဝဝအသက်၅၀ဝန်းကျင်
စွပ်ကျယ်အဖြူဝတ်ထားသည့်လူတစ်ဦး
တံခါးဖွင့်ရန် ပြေးထွက်လာခဲ့သည်။" ဘယ်သူနဲ့တွေ့ချင်ပါသလဲ ခင်ဗျ "
ခြံစောင့်ဟုထင်ရသည့်ထိုလူကြီးက ခပ်အေး
အေးလေးမေးလာခဲ့သည်။သို့သော်
အတ္တမှာရင်တုန်ပန်းတုန်စိတ်လှုပ်ရှားနေဆဲ။
ဖခင်ဖြစ်သူကိုခွင့်မလွှတ်နိုင်၍ဖခင်ခေါ်လာဖူး
သည့်ဒီစံအိမ်ကနေပြေးထွက်သွားခဲ့တာ
နှစ်တွေအတော်ကြာခဲ့ပြီ။ သူ့အတွက် ဒီစံအိမ်ထဲ
ခြေလှမ်းပြန်လှမ်းဖို့ရန်မဝံ့မရဲလေးဖြစ်နေသည်။
![](https://img.wattpad.com/cover/292620756-288-k703915.jpg)
YOU ARE READING
Kill Love (ongoing) U+Z
Fantasy[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...