Kill Love (4)
မနက်ခင်းအလင်းထိုးခြင်းနှင့်အတူ
ဆောင်းလေအေးအေးလေးတွေကြောင့်
အတ္တနိုးထလာခဲ့သည်။ကိုက်နေသည့်ခေါင်းကို
အသာဖိရင်းမျက်လုံးများသေချာဖွင့်ကာ
မြင်နေကြ အနီရောင်မျက်နှာကျက်ကြောင့်
စေညွှန်ရာကို ပထမဆုံးတွေးမိစေပြန်သည်။* အရာကိုမေ့ဖို့မပြောနဲ့ အရာနဲ့ပတ်သတ်တာ
တစ်ခုခုတွေ့ရင်တောင် ကျွန်တော် သူ့ကိုပထမဆုံး
တမ်းတမိတယ် *ထထိုင်ပြီးဘယ်ဘက်ဘေးကိုကြည့်လိုက်တော့
ဒီနေ့ ထူးထူးဆန်းဆန်း စေညွှန်ရာ
အိပ်ယာမထသေးပါ။ဒါပထမဆုံးအကြိမ် အိမ်ထောင်သက် ၃နှစ်နဲ့
တစ်လအတွင်း အရာသူ့ထက်နောက်ကျမှ
အိပ်ယာနိုးခြင်းပင်။ဖက်လုံးကိုပွေ့ဖက်ထားပြီး
ဟောက်သံသေးသေးလေးနဲ့ အိပ်ပျော်နေတဲ့
အရာဟာ အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်
လိုပင် ၊ ဖြူစင်တဲ့အသားအရည်နဲ့
ကျဥ်းတဲ့နဖူးလေး မည်းနက်တဲ့မျက်ခုံးနဲ့
နှာလုံးလုံးလေး စေညွှန်ရာဟာ
တစ်ကမ္ဘာလုံးထဲမှာ အတ္တအချစ်ရဆုံးသော
ယောကျာ်းသားတစ်ယောက် ။စိုက်ကြည့်နေတဲ့အတ္တဟာ
အနမ်းဧရိယာကျဥ်းတဲ့ အရာ၏
နဖူးလေးကို နှုတ်ခမ်းဖြင့် ငုတ်နမ်းရင်း
၃နှစ် တစ်လနဲ့ တစ်ရက်မြောက်နေ့ရဲ့
3378 ခွန်းမြောက်စကားတစ်ခွန်းကို
ပြောလိုက်သည်။" အရာ ငါမင်းကို သိပ်ချစ်တယ် "
အတ္တထလိုက်ပြီးရေချိုးရန် ရေချိုးခန်းထဲသို့
ဝင်သွားသည်။နွေးထွေးတဲ့အနမ်းတစ်ပွင့်ကြောင့်
လှပတဲ့ နှင်းပွင့်ဖတ်တွေတောင်အရှုံးပေးရတဲ့
အပြုံးတစ်ပွင့်ကိုတော့ အတ္တမတွေ့လိုက်ပေ။ရေချိူးခန်းကနေထွက်လာတော့
အရာအိပ်ယာပေါ်မရှိတော့။
အဝတ်အစားလဲထားသည်ကိုတွေ့၍
အောက်ထပ်ဆင်းနှင့်ပြီးဟုတန်းသိလိုက်သည်။အေးစက်နေတဲ့ ဆောင်းမနက်ခင်းတွင်
အနက်ရောင်လည်ပိတ်စွယ်တာကို
အတ္တဝတ်လိုက်ပြီး
လုံချည်တစ်ထည်အမြန်ကောက်ဝတ်လိုက်သည်။

YOU ARE READING
Kill Love (ongoing) U+Z
פנטזיה[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...