Kill Love (20)
များပြားလှသော အပြာရောင်fileတွဲများကြား
တွင် ခေါင်းမဖော်နိုင်အောင်တစ်နေကုန်
အလုပ်ရှုပ်နေသည့် ကုဒြာချို။
စစ်ဆေးစရာတစ်ပုံနှင့် လက်မှတ်ထိုးစရာ
တစ်ပုံဖြင့်အလုပ်ပိနေသည်။ဒေါက်...ဒေါက်..ဒေါက် ( တံခါးခေါက်သံ )
" ဝင်ခဲ့ပါ "
တံခါးခေါက်သံကြား၍ ဝင်ခွင့်ပြုလိုက်သော်လည်း
ဝင်လာသူကို သူမ မော့ကြည့်မအားပေ။" အလုပ်တွေရှုပ်နေတာလား
အရှုပ်တွေလုပ်နေတာလား "" ဟင် ကို....ကိုကြီး "
". အင်း.. Long time No See နော်
ချစ်...ညီ...မ...လေး "ကုဒြာမော့ကြည့်လိုက်သည့်အချိန်မှာ
မြင်လိုက်ရသည့်မျက်နှာကြောင့်
သရဲတစ္ဆေမြင်သလို လန့်ဖြန့်ကာကိုင်ထား
သည့်ဘောပင်ပါ ကြမ်းပေါ်သို့ပြုတ်ကျကုန်၏။သူမကို မဲ့ပြုံးပြုံးကာတစ်လုံးချင်းနှုတ်ဆက်နေ
သည့်သူဟာအခြားသူမဟုတ် ၊ သူမ၏ အစ်ကို
အရင်းဖြစ်သူ နေနက္ခ ဖြစ်သည်။" အစ်ကိုကြီး ဘယ်တုန်းက ပြန်ရောက်လာ
တာလဲ "" အခုပဲလေဆိပ်ကဆင်းလာတာလေ
ဘာဖြစ်လို့လဲကိုယ့်အစ်ကိုမြင်ရတာ အဲ့
လောက်တောင်လန့်နေရလား ဘာမဟုတ်တာ
များလုပ်ထားလို့လဲ "" မဟုတ်...မလုပ်ထားပါဘူး ဘာကိုမဟုတ်တာ
လုပ်ရမှာလဲ ပေါက်ကရတွေနောက်မနေနဲ့ "" ဒါဆိုအတည်မေးမယ် ကောင်မလေးကို
ဘာလုပ်လိုက်တာလဲ "မျက်မှန်ကိုင်းကိုပင့်တင်ကာ ညီမဖြစ်သူ
ကုဒြာချိုကို စိုက်ကြည့်လိုက်သည့်အကြည့်ထဲ
မှာ ကုဒြာကျောချမ်းသည်အထိ ၊ ကုဒြာချိုဟာ
လည်း ကြောက်လန့်သည့်စိတ်ကိုဖုံးကွယ်ကာ
မျက်လုံးချင်းတောင်မဆုံရဲ ၊ ကုဒြာ၏မျက်လုံး
များဟာ အပြစ်လုပ်ထားသည့်အလား
ဂဏာမငြိမ်စွာဖြင့် ဟိတ်ဟန်ကိုအတင်းဖော်ယူ
နေရသည်။" ဘယ်...ဘယ်က ကောင်မလေးလဲ
ဒြာက ဘယ်လိုလုပ်သိမှာလဲ "" မင်းမသိတာသေချာပါတယ်နော် "
" သေချာပါတယ် ကိုကြီးရဲ့ ဒြာလိမ်ပါ့မလား "
" အဟက် မင်းစကားအတိုင်းဖြစ်ပါစေလေ
အဟွန်း ဒါဆို နောက်မှပြန်ဆုံကြတာပေါ့ "
YOU ARE READING
Kill Love (ongoing) U+Z
Fantasy[BL Myanmar] ငါ့ကိုမင်းကြိုက်သလောက်ချုပ်နှောင်ပါ အရာ မင်းရင်ထဲကအငြှိုးတွေပြယ်မယ်ဆို ငါကျေကျေနပ်နပ်ကြီး အချုပ်နှောင်ခံပါ့မယ်။ ( အတ္တတံခွန်) မင်းနှုတ်ကနေ နေ့တိုင်းချစ်တယ် လို့ ပြောနေတာတောင် ငါ့အတွက်မဟုတ်ဘူးလို့ ငါခံစားနေရတုန်းပဲ အတ္တ ( စေညွှန်ရာ) U...